OnePlus နဲ့ McLaren တို့ လမ်းခွဲပြီ

OnePlus က McLaren Branded စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီ ၂ ခု လမ်းခွဲလိုက်ပြီ ဖြစ်တဲ့အတွက် OnePlus ကနေ McLaren စမတ်ဖုန်းတွေ ထွက်လာမှာ မဟုတ်တော့ပါဘူး။ ကုမ္ပဏီ ၂ ခုဟာ ၂၀၁၈ ခုနှစ်မှာ စတင် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

OnePlus နောက်ဆုံးထုတ်ခဲ့တဲ့ ဖုန်းက OnePlus Concept One ဖြစ်ပြီး McLaren ရဲ့ Signature Papaya Orange Color ဖြစ်ပါတယ်။ သူ့မတိုင်ခင်က OnePlus 7T Pro McLaren ဖြစ်ပြီး အမေရိကန်မှာ T-Mobile ကနေ ရောင်းပေးခဲ့ပါတယ်။ နောက် ၁ လုံးက OnePlus 6T McLaren ဖြစ်ပြီး Warp Charge 30 ပါလာတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Dash Charge ကို အဆင့်မြှင့်ထားတဲ့ အားသွင်း နည်းပညာ ဖြစ်ပါတယ်။

OnePlus 8 စီးရီးနဲ့ နောက်ထုတ်မယ့် 8T အတွက် McLaren Edition ထွက်လာမှာ မဟုတ်ပါဘူး။ McLaren Fans တွေဟာ OnePlus x Andre Limited Edition Cases တွေကို ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် Star Wars နဲ့ Avengers Limited Edition တွေလည်း ထုတ်လုပ်ပေးထားပါတယ်။

Ref : gsmarena

%d bloggers like this: