Apple က Refurbished iPhone XR ကို အမေရိကန်မှာ ရောင်းချ

Apple က iPhone XR ကို iPhone 11 ဈေးလောက်နဲ့ ရောင်းပေးထားပါတယ်။ အခုတော့ Apple က iPhone XR ရဲ့ Refurbished Model တွေကို ရောင်းပေးလိုက်ပါတယ်။ 64GB Storage ကို ဒေါ်လာ ၅၀၀ နဲ့ 128GB Storage ကို ဒေါ်လာ ၅၄၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၇ သိန်း နဲ့ ၇ သိန်းခွဲလောက် အသီးသီး ကျသင့်မှာပါ။ Refurbished Model တွေအတွက် အရောင်တွေက အကန့်အသတ် ရှိပါတယ်။

iPhone 11 Series ထွက်ပြီးကတည်းက iPhone SE (2020) 64GB ကို ဒေါ်လာ ၄၀၀ သတ်မှတ်ထားပါတယ်။ iPhone XR Refurbished ကို ဝယ်ရင် ပိုကောင်းမယ်လို့တောင် ထင်ရပါတယ်။ အဲဒီ ဖုန်း အဟောင်းမှာ FaceID ပါလာပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။ SE အသစ်ဟာ ၂၀၁၄ ခုနှစ်ထုတ် ဒီဇိုင်းနဲ့ တူပြီး အထက်နဲ့ အောက်က ဘောင်တွေက ထူနေပါတယ်။

iPhone XR ဟာ အရွယ်အစား ပိုမို ကြီးမားတဲ့အတွက် ဘက်ထရီလည်း ပိုကြီးပါတယ်။ XR မှာ တစ်နှစ်လောက် ကြာပြီ ဖြစ်တဲ့ Chipset ထည့်သွင်းထားပေမယ့် ဒီနေ့ခေတ်အထိ အမြန်ဆုံး Chipset ထဲ ပါဝင်နေပါတယ်။ အနောက်ဘက်မှာ 12MP ကင်မရာ ၁ လုံးထဲပါတာက SE နဲ့ တူပါတယ်။ Apple.com ကနေ iPhone XR Refurbished ကို အမေရိကန်မှာ ရောင်းချပေးနေပါတယ်။

ref : gsmarena

%d bloggers like this: