Flyme 8.1 Stable Update ကို Device ၁၀ လုံးအတွက် ဖြန့်ချိလိုက်ပြီ

Meizu 17 Series မိတ်ဆက်ပွဲမှာ ကုမ္ပဏီက Flyme 8.1 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ မိတ်ဆက်ပွဲအပြီး ၃ ပတ် အကြာမှာ Flyme 8.1 ကို Device ၁၀ လုံးအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ Flyme 8.1 ဟာ အရင်နှစ်ထုတ် Flyme 8 ရဲ့ Update ဖြစ်ပြီး Android Pie ကနေ Android 10 အခြေပြု ဖြစ်လာပါတယ်။ Update မှာ လုပ်ဆောင်ချက်အသစ်တွေ ပါလာပါတယ်။

အလန်းစား လုပ်ဆောင်ချက် ၁ ခုက OneMind 4.0 AI Engine ဖြစ်ပြီး OneMind 3.5 ထက် ၃၀ ရာခိုင်နှုန်း ပိုကောင်းလာတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Update မှာ Flyme Version အသစ် ပါလာပြီး MIUI 12 က Floating Window နဲ့တူတဲ့ Small Window Mode 2.1 ထည့်ထားပါတယ်။ Aicy Voice Assistant ပိုကောင်းလာပြီး Live Wallpaper အသစ်နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ဆန်ဆာ Animation တွေ ပါလာပါတယ်။ အောက်ပါ Device ၁၀ လုံးမှာ Update ရသွားပါပြီ။

• Meizu 16T
• Meizu 16S Pro
• Meizu 16S
• Meizu 16th
• Meizu 16th Plus
• Meizu 16Xs
• Meizu Note 9
• Meizu X8
• Meizu Note 8
• Meizu 16X

လက်ရှိမှာ တရုတ်မှာပဲ ဖြန့်ချိပေးနေပြီး Meizu က နိုင်ငံတကာမှာ ဖြန့်ချိမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gizmochina

%d bloggers like this: