10,000mAh ဘက်ထရီ ပါတဲ့ အကြမ်းခံ စမတ်ဖုန်းကို ရောင်းပြီ

Oukitel က ထုတ်တဲ့ WP6 မှာ အရွယ်အစား အရမ်းကြီးတဲ့ 10,000mAh ဘက်ထရီ ပါလာပြီး အကြမ်းခံ စမတ်ဖုန်းတွေထဲမှာ သူဟာ ဘက်ထရီ အကြီးဆုံး ဖြစ်လာပါတယ်။ တခြား စမတ်ဖုန်းတွေကို အားသွင်းပေးနိုင်တဲ့ Power Bank လို အသုံးပြုနိုင်ပါတယ်။

ခေတ်ပေါ် စမတ်ဖုန်းတွေမှာ ဒီလောက် အရွယ်အစား ကြီးမားတဲ့ ဘက်ထရီ ထည့်ထားရင် တခြား အစိတ်အပိုင်းတွေကို လျှော့ချရမှာပါ။ ဒါပေမယ့် WP6 မှာ အဲဒီလို မဟုတ်ဘဲ တခြား အစိတ်အပိုင်းတွေကလည်း သင့်တင့် ကောင်းမွန်ပါတယ်။ AliExpress မှာ ၂၁၃ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းလောက်ပဲရှိပါတယ်။

သူ့မှာ ၆.၃ လက်မ 1080x2340p မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်ကြီး ဘက်ထရီကို အားမြန်မြန်သွင်းဖို့ 18W Charger ပါလာပါတယ်။ Octa-core Mediatek Helio P70 SoC , 48MP Sony အနောက်ကင်မရာ , IP68 Rating , 16MP အရှေ့ကင်မရာနဲ့ Android 9.0 ထည့်ထားပါတယ်။ ကြိုးမဲ့အားသွင်း စနစ်နဲ့ NFC မပါပါဘူး။

Ref : techradar

%d bloggers like this: