COVID-19 ကာလမှာ မောင်းသူမဲ့ ကားတွေနဲ့ ဆေးဝါးတွေ အိမ်အရောက်ပို့ပေးမယ့် CVS နဲ့ Nuro

မောင်းသူမဲ့ ကားတွေ ဖန်တီးနေတဲ့ Nuro က တက္ကဆပ် မြို့ ၁ ခုမှာ မောင်းသူမဲ့ ကားတွေနဲ့ ဆေးဝါးတွေ အိမ်အရောက်ပို့ပေးမယ့် အစီအစဉ်ကို မနေ့က ကြေညာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရက်စ် ကြောက်လို့ အိမ်အပြင် မထွက်ရဲသူတွေအတွက် သတင်းကောင်းပါ။ Nuro က အမေရိကန်ရဲ့ အကြီးမားဆုံး ဆေးဝါး ကုမ္ပဏီ ၁ ခုဖြစ်တဲ့ CVS နဲ့ ပူးပေါင်းပြီး တက္ကဆပ်က ဟူစတန်မှာ ဒီဝန်ဆောင်မှုကို ပြုလုပ်ပေးမှာပါ။

နောက်လကစပြီး CVS Customers တွေဟာ ဝက်ဘ်ဆိုက်နဲ့ App ကနေ ဆေးဝယ်ယူရင် မောင်းသူမဲ့ကားနဲ့ ပို့ပေးတဲ့ ဝန်ဆောင်မှုကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ Nuro က မောင်းသူမဲ့ ကားတွေနဲ့ ၃ နာရီအတွင်း ဆေးတွေကို အိမ်အရောက် ပို့ပေးမှာ ဖြစ်ပါတယ်။

Nuro ရဲ့ အရွယ်သေး လှပတဲ့ R2 Delivery Robot တွေကို သုံးမှာ မဟုတ်ဘဲ Toyota Prius ကားတွေကို သုံးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ဆောင်မှု အစောပိုင်း ကာလမှာ စိတ်ချရစေဖို့ ကားမှာ Safety Driver ၁ ယောက်လည်း လိုက်ပါလာမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ R2 ကားတွေနဲ့ လူ မလိုက်ပါဘဲ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

တခြား Delivery ဝန်ဆောင်မှုတွေမှာတော့ ပို့ဆောင်တဲ့ လူက ပိုင်ရှင်လက်ထဲ ပေးအပ်လေ့ရှိပါတယ်။ CVS နဲ့ Nuro တို့ရဲ့ ဝန်ဆောင်မှုမှာ ဝယ်ယူသူက Password နဲ့ ဆေးထည့်ထားတဲ့ အခန်းကို ဖွင့်ရမှာ ဖြစ်ပြီး ဆေးကို ကိုယ်တိုင် ယူရမှာပါ။ အဲဒီအတွက် Safety Driver ဆီကနေ ဗိုင်းရက်စ် ကူးစက်မှာကို ကြောက်စရာ မလိုတော့ပါဘူး။

Ref : tnw

%d bloggers like this: