Samsung က 4G ပါတဲ့ Galaxy Book S (2020) ကို ကြေညာ

Samsung က 4G ပါတဲ့ Windows 10 Laptop ကို ကြေညာလိုက်ပါတယ်။ Galaxy Book S လို့ နာမည်ပေးထားပြီး သူ့မှာ ၁၃.၃ လက်မ Full HD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Intel Core Processor မောင်းနှင်ထားပြီး Intel Foveros 3D Stacking နည်းပညာ ပါတဲ့ ပထမဆုံး Laptop ဖြစ်ပါတယ်။ သုံးနေချိန်မှာ စွမ်းရည် မြင့်မားအောင် ပံ့ပိုးပေးနိုင်သလို မသုံးချိန်မှာ ဘက်ထရီ မစားအောင် ကာကွယ်ပေးပါတယ်။

4G အပြင် WiFi 6 ကိုပါ ထောက်ပံ့ထားပြီး ၁၁.၈ မီလီမီတာပဲ ထူတဲ့ အတွက် အရမ်းကို ပါးလွှာပါတယ်။ Microsoft နဲ့ ပူးပေါင်းဖန်တီးထားပြီး Laptop မှာ Android OS ကို ထည့်သွင်း သုံးနိုင်ပါတယ်။

Samsung Galaxy Book S (2020) specifications

• 13.3-inch (1920 x 1080 pixels) FHD TFT (16:9) 10-point multi-touch display, up to 600 nits brightness
• Intel Core processor with Intel Hybrid Technology, Intel UHD Graphics
• 8GB (LPDDR4X) RAM, 256/512GB eUFS, MicroSD slot (up to 1TB)
• Windows 10 Home/Pro
• 1MP HD camera
• Windows Hello sign in with fingerprint
• Ambient Light Sensor (Keyboard Backlit on/off), Hall Sensor
• Headphone out/Mic-in Combo, Stereo speakers tuned by AKG, Immersive sound with Dolby Atmos technology
• Dimensions: 305.2 x 203.2 x 6.2 ~ 11.8 mm; Weight: 950g
• 4G LTE Cat.16 via nano SIM slot, Wi-Fi 6 (Gig+) 802.11 ax 2×2,, Bluetooth v 5.0, 2 x USB-C
• 42Wh battery

Samsung Galaxy Book S (2020) အတွက် Earthy Gold နဲ့ Mercury Gray ၂ ရောင် ထုတ်လုပ်ထားပြီး 256GB Storage Version ကို ၁၂၅၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၇ သိန်း ၅ သောင်းလောက် ကျသင့်မှာပါ။

Ref : fonearena

%d bloggers like this: