Nokia က တန်ဖိုးနည်း C2 Tava နဲ့ Tennen ကို ကြေညာ

HMD က အမေရိကန်မှာ တန်ဖိုးနည်း ဖုန်း အသစ်တွေကို ကြေညာလိုက်ပါတယ်။ Nokia C2 Tava နဲ့ Tennen တို့မှာ ၅.၄၅ လက်မ HD+ မျက်နှာပြင် ပါလာပြီး 18:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ 5MP ဆဲလ်ဖီး ကင်မရာနဲ့ 8MP+2MP Depth အနောက်ကင်မရာတွေ ထည့်သွင်းထားပါတယ်။ ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ဘယ်ဘက်ခြမ်းမှာ Google Assistant Button တပ်ဆင်ထားပါတယ်။

Helio A22 Chipset မောင်းနှင်ထားပြီး 2GB RAM နဲ့ 16/32GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ microSD Card Slot ထည့်ထားပြီး 10W Speed ပါတဲ့ 3,000mAh ဘက်ထရီ ပါလာပါတယ်။

C2 Tava ကို မေလ ၂၉ ရက်နေ့မှာ ၁၁၀ ဒေါ်လာနဲ့ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၁ သိန်းခွဲလောက်ပဲရှိပါတယ်။ Tempered Blue အရောင် ထုတ်လုပ်ပေးထားပါတယ်။ C2 Tennen ကို ဒေါ်လာ ၇၀ သတ်မှတ်ထားပြီး မြန်မာငွေ ၉ သောင်း ၇ ထောင်ပဲရှိပါတယ်။ နောက်လ ၁၅ ရက်နေ့ကစပြီး ရောင်းပေးမှာပါ။

Ref : gsmarena

%d bloggers like this: