Nokia က တန်ဖိုးနည်း C5 Endi ကို ကြေညာ

HMD က အမေရိကန်မှာ တန်ဖိုးနည်း ဖုန်း အသစ်ကို ကြေညာလိုက်ပါတယ်။ Nokia C5 Endi မှာ ၆.၅ လက်မ HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက်က ဘောင် ထူနေတာက ခေတ်ပေါ် ဒီဇိုင်း မဟုတ်ပါဘူး။

ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ဘယ်ဘက်ခြမ်းမှာ Google Assistant Button ပါလာပါတယ်။ အနောက်ဘက်မှာ 13MP Main , 5MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး ထည့်ထားပါတယ်။ လက်ဗွေရာ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

MediaTek Helio P22 Chipset မောင်းနှင်ထားပြီး 3GB RAM နဲ့ 64GB Storage ပါပါတယ်။ 4,000mAh ဘက်ထရီထည့်ထားပြီး 10W Speed ပဲ ထောက်ပံ့ထးပါတယ်။ Midnight Blue ၁ ရောင်ထဲ ထုတ်လုပ်ထားပြီး နောက်လ ၅ ရက်နေ့မှာ ရောင်းမှာပါ။ ၁၇၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၃ သောင်းလောက် ရှိပါတယ်။

Ref : gsmarena

%d bloggers like this: