Amazfit T-Rex ကို အိန္ဒိယမှာ ဇွန်လ ဒုတိယ အပတ် ကြေညာမည်

Amazfit T-Rex ကို ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ CES 2020 မှာ ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ ဇွန်လ ဒုတိယ အပတ်မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ သူဟာ အကြမ်းခံတဲ့ စမတ်နာရီ ဖြစ်ပြီး AMOLED မျက်နှပြင် ပါလာပါတယ်။ ဘက်ထရီသက်တမ်းက ရက် ၂၀ ဆိုတော့ ရှယ်လန်းပြီး GPS ပါတဲ့အတွက် ဖုန်းကို မှီခိုစရာ မလိုဘဲ စမတ်နာရီက တည်နေရာ ညွှန်ပြပေးနိုင်ပါတယ်။

MIL-STD-810 Rating ပါတဲ့အတွက် အကြမ်းခံပါတယ်။ အိန္ဒိယမှာ သူ့ကို ကြေညာမယ့် နေ့ရက် အတိအကျကို မပြောသေးပေမယ့် ဇွန်လ ဒုတိယ အပတ်ထဲ သေချာပါတယ်။ စမတ်နာရီမှာ PPG Optical Tracker ပါလာပြီး အားကစားနည်း ၁၂ မျိုးကို တွက်ချက်စစ်ဆေးပေးနိုင်ပါတယ်။

ရေကူးရင်လည်း ဝတ်ဆင်နိုင်တဲ့အတွက် ရေကူး ဝါသနာပါသူတွေအတွက် မိုက်ပါတယ်။ Android နဲ့ iOS Device တွေကို Bluetooth နဲ့ ချိတ်ဆက်နိုင်ပြီး စမတ်နာရီမှာ Custom Amazfit OS မောင်းနှင်ထားပါတယ်။ အိပ်စက်မှုကို တွက်ချက်ပေးနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: