Samsung က ဩဂုတ်လမှာ 5nm Exynos Chip ကို စတင်ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်ပြီ

Samsung က ပြီးခဲ့တဲ့ လအနည်းငယ်ထဲက 5nm EUV Process ကို ဖန်တီးနေတာ ဖြစ်ပြီး အခုတော့ တောင်ကိုရီးယားကထွက်လာတဲ့ သတင်းအရ မကြာခင် အမြောက်အများ ထုတ်လုပ်တော့မှာပါ။ နောက်ထုတ်မယ့် Chip ကို Exynos 992 လို့ နာမည်ပေးထားမယ်လို့ သတင်းထွက်နေပြီး Samsung က ဩဂုတ်လထွက်မယ့် Galaxy Note20 Series တွေမှာ ထည့်ထားမယ်လို့ ပြောပါတယ်။

Exynos 992 မှာ ARM Cortex-A78 CPU Cores နဲ့ Mali-G78 GPU Architecture ကို သုံးထားမှာပါ။ သီအိုရီ အရ Exynos 990 က Cortex-A77 ထက် စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်း ပိုကောင်းလာမှာပါ။ Graphics က Mali-G77 ထက် စွမ်းဆောင်ရည် ၂၅ ရာခိုင်နှုန်း ပိုတိုးတက်လာမှာပါ။ ARM က Taiwanese Semiconductor Manufacturing Company (TSMC) မှ ထုတ်တဲ့ 5nm Process နဲ့ တည်ဆောက်ထားတဲ့ Chipsets တွေမှာ Cortex-A78 ကို သုံးမယ်လို့ အတည်ပြုထားပါတယ်။

Samsung ဟာ Exynos 992 Chipset ကို တောင်ကိုရီးယားက Galaxy Note20 တွေမှာပဲ သုံးထားနိုင်ပြီး တခြားနိုင်ငံတွေမှာ Snapdragon Chipset ကို ထည့်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

%d bloggers like this: