Facebook က CatchUp App ကို ဖြန့်ချိ

Facebook က Autio-only Chat App ဖြစ်တဲ့ CatchUp ကို ဖြန့်ချိလိုက်ပါတယ်။ ဖုန်းပဲပြောနိုင်တဲ့ App ဖြစ်ပြီး အမေရိကန်မှာ စတင် စမ်းသပ်နေပါတယ်။ Android နဲ့ iOS ၂ ခုစလုံးအတွက် ဖန်တီးပေးထားပါတယ်။

Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က “ Social Distancing ကာလမှာ သူငယ်ချင်း၊ မိသားစုတွေ အဆက်အသွယ်ရဖို့ အရမ်း အရေးကြီးပါတယ်။ Messaging နဲ့ Video Calling တွေက တော်တော်ကောင်းပါတယ်။ အသံနဲ့ပဲ ဆက်သွယ်ရတာက အသစ်အဆန်းဖြစ်လာမှာပါ။ CatchUp က Group Call အတွက် အရမ်းကို အဆင်ပြေစေမှာပါ။ “ လို့ ပြောပါတယ်။

Facebook မှာ Voice Call တွေ သုံးနိုင်တာ ကြာလှပြီ ဖြစ်ပေမယ့် Messenger နဲ့ WhatsApp တို့မှာပဲ သုံးနိုင်ပါတယ်။ CatchUp က ဒီထက် ထူးခြားပြီး Phone Contact ကနေလည်း သုံးနိုင်ပါတယ်။ ဒါ့အပြင် လိုင်းပေါ်မှာ ရှိနေတဲ့ လူတွေကိုလည်း သိနိုင်ပါတယ်။ CatchUp ကို သုံးဖို့ Facebook အကောင့် မလိုအပ်ပါဘူး။

CatchUp ကို Download လုပ်ပြီးရင် သင့် အသက်၊ နာမည်နဲ့ ဖုန်းနံပါတ်တွေကို အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ သင့် အကောင့်အတွက် ဓါတ်ပုံ ၁ ပုံလည်း ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

Ref : wersm

%d bloggers like this: