Vivo X50 Pro ရဲ့ Specs အပြည့်အစုံ ထွက်လာပြီ

Vivo က အလန်းစား ကင်မရာ ပါတဲ့ X50 Series ဖုန်း ၁ လုံးကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ ကင်မရာ ၄ လုံးပါလာမှာ ဖြစ်ပြီး သူ့ရဲ့ ဓါတ်ပုံတွေ မနေ့က ထွက်လာခဲ့ပါတယ်။ Vivo X50 ရဲ့ Specs တွေလည်း ပေါက်ကြားလာခဲ့ပါတယ်။ အခုလည်း Vivo X50 Pro ရဲ့ Specs နဲ့ ဓါတ်ပုံတွေ ထွက်လာပါတယ်။ သူ့မှာ Snapdragon 765G မောင်းနှင်ထားပြီး 90Hz Refresh Rate ပါတဲ့ မျက်နှာပြင် အကြီး ထည့်ထားမှာပါ။ ပင်မ ကင်မရာက Sony IMX598 ဖြစ်ပါတယ်။

၆.၅၆ လက်မ OLED Full HD+ မျက်နှာပြင်နဲ့ 8GB RAM ပါလာမှာဖြစ်ပြီး 128/256GB Storage ထည့်ထားမှာပါ။ 32MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးထဲပဲ တပ်ဆင်ထားမှာပါ။ အနောက်ကင်မရာတွေက ငေါထွက်နေတာ သိပ်မလှပါဘူး။ ပင်မ ကင်မရာနဲ့အတူ 8MP Periscope Telephoto , 13MP (2x Optical Zoom) နဲ့ 8MP Ultrawide ကင်မရာတွေပါလာမှာပါ။

33W Fast Charging ထောက်ပံ့တဲ့ 4,315mAh ဘက်ထရီ ထည့်ထားပြီး NFC ပါတဲ့ အတွက် Vivo Pay နဲ့ ငွေပေးချေမှု ပြုလုပ်နိုင်ပါတယ်။ ယွမ် ၃,၉၉၈ နဲ့ ရောင်းချနိုင်တယ်လို့ သတင်းထွက်နေပြီး ဒါဟာ 128GB လား၊ 256GB လားဆိုတာ မသိရသေးပါဘူး။ နောက်လ ၁ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာပါ။

Ref : gsmarena

%d bloggers like this: