Honor Play 4 Pro မှာ Kirin 990 နဲ့ 40W Charging ပါမည်

Honor က Play 4 Pro ကို နောက်လ ၃ ရက်နေ့ တရုတ်မှာ ကြေညာတော့မှာ ဖြစ်ပြီး အရင် အပတ်ကစလို့ အဲဒီဖုန်းရဲ့ သတင်းတွေ စတင် ထွက်ပေါ်ခဲ့ပါဘူး။ အခုတော့ Honor က သူ့ရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေလိုက်ပြီး 40W Fast Charging , IR Blaster နဲ့ Kirin 990 SoC ပါလာမှာ ဖြစ်ပါတယ်။ အရင်ထွက်ခဲ့တဲ့ သတင်းတွေနဲ့ တူညီနေပြီး သူဟာ ၂၀၁၈ ခုနှစ်က ထွက်ခဲ့တဲ့ ပထမမျိုးဆက် Honor Play ရဲ့ စတုတ္ထမြောက် မျိုးဆက် ဖြစ်လာမှာပါ။

မနေ့ကပဲ Honor Play 4 Pro ကို တရုတ်က Huawei ရဲ့ တရားဝင် အွန်လိုင်း စတိုး ဖြစ်တဲ့ VMall မှာ စာရင်းတင်ထားပြီး Specs တွေကို မဖော်ပြထားပါဘူး။ ဒါပေမယ့် သူ့ရဲ့ တရားဝင် ဓါတ်ပုံတွေကို ဖော်ပြထားတဲ့အတွက် ဖုန်း ဒီဇိုင်းကို သိခဲ့ရပါတယ်။

Honor Play 4 Pro မှာ Dual Punch Hole မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး ကင်မရာ ၂ လုံး တပ်ဆင်ထားမှာပါ။ အရင်ထွက်ခဲ့တဲ့ သတင်းအရ 40MP Sony IMX600y RYYB Sensor ပါလာမှာ ဖြစ်ပြီး အဲဒီ Sensor ကို မကြာခင်က ကြေညာခဲ့တဲ့ Honor X10 မှာလည်း သုံးထားပါတယ်။ Honor Play 4 Pro ကို ယွမ် ၃ ထောင်လောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၅ သိန်း ၉ သောင်းလောက်ကျသင့်မှာပါ။

Ref : gizmochina

%d bloggers like this: