Redmi က ကုမ္ပဏီရဲ့ ပထမဆုံး ပီစီ မော်နီတာကို ကြေညာ

Redmi က စမတ်ဖုန်းတွေအပြင် တီဗီနဲ့ လက်ပ်တော့တွေကိုပါ တိုးချဲ့ ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း ကုမ္ပဏီရဲ့ ပထမဆုံး ပီစီ မော်နီတာ ဖြစ်တဲ့ Redmi Display 1A ကို ကြေညာလိုက်ပြီး ဒီဇိုင်း အရမ်းလန်းသလို ဈေး အရမ်းချိုပါတယ်။

မော်နီတာမှာ LCD IPS Panel ထည့်သွင်းထားပြီး 1920x1080p Resolution ဖြစ်ပါတယ်။ ၂၃.၈ လက်မ အရွယ်အစား ဖြစ်ပြီး အမြင့်ဆုံး Brightness အနေနဲ့ 250nits အထိ ထောက်ပံ့ထားပါတယ်။ 1000:1 Contrast Ratio ပါလာပြီး မျက်နှာပြင်ဘေးဘောင်က ၇.၃ မီလီမီတာပဲရှိတဲ့အတွက် အရမ်းပါးလွှာပါတယ်။ အောက်ခြေက ဘောင်က နည်းနည်းတော့ ထူပါတယ်။

အနောက်ဘက်မှာ HDMI Connector နဲ့ VGA Port ပါလာပါတယ်။ ၂၀၂၀ ထုတ်ကုန်မှာ ဒိတ်အောက်နေတဲ့ VGA Port ပါလာတာက ထူးဆန်းပါတယ်။ ဒါပေမယ့် တန်ဖိုးနည်း မော်နီတာ ဖြစ်တဲ့အတွက် ဒိတ်အောက်နေတဲ့ Device တွေနဲ့ တွဲသုံးချင်သူတွေအတွက် သင့်တော်ပါတယ်။

မော်နီတာကို ၅၉၉ ယွမ် သတ်မှတ်ထားတဲ့အတွက် မြန်မာငွေ ၁ သိန်း ၂ သောင်းလောက်ပဲရှိပါတယ်။ တရုတ်မှာ Xiaomi တရားဝင် ဝက်ဘ်ဆိုက်ကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: