0 Shares 70 Views

အရေးပေါ်အခြေအနေမှာ ခရီးသည်တင်အခန်းတစ်ခုလုံးကို ဖြုတ်ချနိုင်မယ့်လေယာဉ်

Jan 18, 2016
0 70

3034B11100000578-0-image-a-87_1452896583384

အရေးပေါ်အခြေအနေတစ်ခုခုမှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ခရီးသည်တွေအားလုံးရဲ့ အသက်အန္တရာယ်ကိုကယ်ဆယ်နိုင်မယ့် ဆန်းသစ်တဲ့လေယာဉ်ဒီဇိုင်းတစ်ခုကို လေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာတွေက ရေးဆွဲဖော်ပြလိုက်ပါတယ်။

လေယာဉ်စတင်ပျံတက်ချိန်၊ ဆင်းသက်ချိန် နဲ့ ပျံသန်းနေစဉ်မှာ၊ အရေးပေါ်အခက်အခဲကြုံတွေ့ရပါက အထူးတည်ဆောက်ထားတဲ့ ခရီးသည်တင်အခန်းကို လေယာဉ်ကနေ သီးသန့်ခွဲထုတ်ပစ်နိုင်ပြီး ခရီးသည်တွေရဲ့ အသက်ကို ကယ်ဆယ်နိုင်မှာဖြစ်ပါတယ်။

ခရီးသည်တင်အခန်းရဲ့ခေါင်မိုးမှာ လေထီးတွေကို တပ်ဆင်ပေးထားတာကြောင့် ခရီးသည်တင်အခန်းကို လေယာဉ်ကနေ ဖြုတ်ချလိုက်တာနဲ့ အလိုအလျောက်လေထီးပွင့်သွားမှာဖြစ်ပါတယ်။

ဒီ့အပြင် ခရီးသည်တင်အခန်းရဲ့အောက်ခြေမှာလည်း လေထိုးသွင်းနိုင်တဲ့ ရာဘာကူရှင်တောင့်တွေ ထည့်သွင်းထားပြီး မြေပြင်ပေါ်ကျတဲ့အခါ ကြီးကြီးမားမားထိခိုက်မှုမရှိနိုင်သလို၊ ပင်လယ်သမုဒ္ဒရာထဲ ကျသွားတဲ့အခါမှာလည်း လေယာဉ်အခန်းက ရေပေါ် ပေါ်နေမှာဖြစ်ပါတယ်။

“ လေယာဉ်ပျက်ကျမှုတစ်ခုမှာ ခရီးသည်တွေ အသက်ရှင်ကျန်ရစ်ဖို့ဆိုတာဖြစ်နိုင်ပါတယ်။ တစ်ကမ္ဘာလုံးက တခြားလေယာဉ်အင်ဂျင်နီယာတွေဟာ လေယာဉ်တွေကိုပဲ ပိုမိုစိတ်ချရမှုရှိအောင် တည်ဆောက်နေကြပြီး၊ လူသားတွေရဲ့အသက်အန္တရာယ်အတွက် ဘာမှမလုပ်ပေးနိုင်ကြပါဘူး” လို့  ယခုလေယာဉ်ဒီဇိုင်းကို အဓိကရေးဆွဲခဲ့သူ၊ လေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာ Vladimir Tatarenko က ပြောပြပါတယ်။

လေယာဉ်အခန်းရဲ့အောက်မှာ ခရီးသည်တွေရဲ့အထုပ်အပိုးတွေကို ထည့်ထားနိုင်တဲ့ သိုလှောင်ခန်းပါ ပါဝင်တာကြောင့်၊ ပျံသန်းနေစဉ်အတွင်း လေယာဉ်အခန်းကိုဖြုတ်ချရဖို့ကြုံလာခဲ့ရင်တောင်၊ ခရီးသည်တွေ အနေနဲ့ မိမိပစ္စည်းတွေကိုတောင် ဆုံးရှုံးရမှာမဟုတ်ကြောင်း ဒီဇိုင်းမှာဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ်အတော်အတွင်း MH 370 လေယာဉ်ပျောက်ဆုံးမှု၊ MH 17 လေယာဉ်ပစ်ချခံရမှု အပါအ၀င် လေယာဉ်ပျက်ကျမှုတော်တော်များများဖြစ်ပွားခဲ့ရပြီးနောက်မှာ၊ ခရီးသည်တွေရဲ့အသက်ကိုကယ်ဆယ်နိုင်မယ့် ယခုလေယာဉ်ဒီဇိုင်းပေါ်ထွက်လာတာဖြစ်ပါတယ်။

Ref: DailyMail

 

 

You may be interested

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares0 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
92 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T
Android, HUBS, Mobiles & Tablets
397 shares65 views

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T

Ko Thuya - Nov 24, 2017

OnePlus 5T ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုမှာ Dash Charge လို့ခေါ်တဲ့ လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီက ကြော်ညာ ဗီဒီယိုတစ်ခုဖြင့် 5T ရဲ့ လျှင်မြန်စွာ…

Leave a Comment

Most from this category