iPhone 12 Series ကို နိုဝင်ဘာလမှာ ကြေညာနိုင်

Apple ဟာ iPhone 12 Series မိတ်ဆက်ပွဲကို ၂ လလောက် နောက်ဆုတ်ပြီး နိုဝင်ဘာလကျမှ ကြေညာမယ်လို့ Cowen Investment Bank က သတင်းထွက်လာပါတယ်။ အရင်ကတော့ စက်တင်ဘာလမှာ မိတ်ဆက်ပွဲ ပြုလုပ်လေ့ရှိပါတယ်။ အရင်သတင်းတွေအရ ကပ်ရောဂါကြောင့် ထုတ်လုပ်မှုနဲ့ မိတ်ဆက်ပွဲကို ၁ လ နောက်ကျမယ်လို့ သိခဲ့ရပါတယ်။

Apple ဟာ iPhone အလုံးရေ ၃၅ သန်းကို ဒီနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ရောင်းချခဲ့ရတယ်လို့ သတင်းထွက်လာတဲ့အတွက် အရင်နှစ် အဲဒီ ကွာတားထက် ၁၃ ရာခိုင်နှုန်း နည်းသွားပါတယ်။ iPhone 12 Series ၄ လုံးထွက်လာမှာ ဖြစ်ပြီး အားလုံးမှာ 5G ၊ OLED Panels နဲ့ အရွယ်သေး Notch တွေ ပါလာမှာပါ။ ၅.၄ လက်မ ကနေ ၆.၇ လက်မ အတွင်း ထွက်လာမှာ ဖြစ်ပြီး ၆.၁ လက်မ ၂ လုံး ပါလာမှာပါ။

Apple ဟာ TSMC 5nm Process ကို အခြေပြု တည်ဆောက်ထားတဲ့ A14 Chipset တွေ ထည့်ထားမယ်လို့ ထင်ရပါတယ်။ တန်ဖိုးနည်း ၅.၄ လက်မနဲ့ ၆.၁ လက်မ မော်ဒယ်တွေမှာ 4GB RAM နဲ့ တန်ဖိုးကြီး ၆.၁ လက်မနဲ့ ၆.၇ လက်မ မော်ဒယ်တွေမှာ 6GB RAM နဲ့ 512GB Storage အထိ ထည့်ထားမှာပါ။

Ref : gsmarena

%d bloggers like this: