၂၀၂၀ ကွာတား ၁ မှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဖြစ်လာတဲ့ iPhone 11

Omdia Research Smartphone Model Market Tracker Tool ရဲ့ ဒေတာတွေအရ iPhone 11 ဟာ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဖြစ်လာခဲ့ပါတယ်။ Apple ဟာ အဲဒီ ၃ လအတွင်းမှာ iPhone 11 အလုံးရေ ၁၉.၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

စစ်တမ်းအသစ်အရ iPhone 11 ဟာ အရင်နှစ်ထုတ် iPhone XR ထက် ရောင်းအား ပိုကောင်းသွားပါတယ်။ ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး စမတ်ဖုန်း ရောင်းအားကျနေချိန်မှာ iPhone 11 ရောင်းအားတက်လာတာက ချီးကျူးစရာပါ။

နံပါတ် ၂ ရောင်းအား အကောင်းဆုံးက Samsung Galaxy A51 ဖြစ်ပြီး အလုံးရေ ၆.၈ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Redmi Note 8 က နံပါတ် ၃ နေရာကို သိမ်းပိုက်ထားပြီး အလုံးရေ ၆.၆ သန်း ရောင်းအားရှိခဲ့ပါတယ်။ ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံးမှာ ၄ လုံးဟာ Samsung နဲ့ Apple ဖုန်းတွေ ဖြစ်ပြီး ၂ လုံးမှာ Xiaomi ဖုန်း ဖြစ်ပါတယ်။

5G ဖုန်းတွေထဲမှာ Samsung ဟာ Huawei ကို နောက်ကောက်ချထားနိုင်ပြီး S20 Series ဟာ ကွာတား ၁ မှာ အလုံးရေ ၈.၂ သန်း ရောင်းအားရှိခဲ့ပါတယ်။ S20+ 5G ဟာ ရောင်းအကောင်းဆုံး 5G ဖုန်း ဖြစ်ပြီး အလုံးရေ ၃.၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Huawei Mate 30 5G ဟာ ၂.၉ သန်းနဲ့ Mate 30 Pro 5G ဟာ ၂.၇ သန်း ရောင်းအားရှိခဲ့ပါတယ်။

Ref : gsmarena

%d bloggers like this: