Xiaomi က ၂၀၂၀ အကုန်မှာ 4G ဖုန်း ထုတ်တာ ရပ်နားမည်

Xiaomi နဲ့ Redmi တို့ဟာ ၂၀၂၀ စကတည်းက လတိုင်းလိုလို ဖုန်း အသစ်တွေကို နိုင်ငံများစွာမှာ ကြေညာခဲ့ကြပါတယ်။ တရုတ်က ဖုန်း အများစုဟာ 5G ဖုန်းတွေ ဖြစ်ပါတယ်။ စီအီးအိုက ဒီနှစ်ကုန် တရုတ်မှာ 4G ဖုန်း ထုတ်လုပ်တာ ရပ်နားတော့မယ်လို့ ကြေညာလိုက်ပါတယ်။ Xiaomi ဟာ 6G နည်းပညာနဲ့ ဂြိုလ်တုကနေ အင်တာနက် ထုတ်လွှင့်ပေးတဲ့ နည်းပညာတွေကိုတောင် သုတေသနပြုလုပ်နေပါပြီ။

စီအီးအို လီဂျွန်က မကြာခင်က ဆင်ဟွာနဲ့ အင်တာဗျူး ၁ ခုမှာ ဒီသတင်းကို ပြောကြားခဲ့တာ ဖြစ်ပြီး သူက ကိုရိုနာ ဗိုင်းရက်စ် ကပ်ရောဂါကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ အကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။ သူက 5G ဟာ နည်းပညာ နယ်ပယ်ကို ဆန်းသစ်စေမှာ ဖြစ်ပြီး 4K/8K Video Conferencing , Cloud Gaming နဲ့ Auto Pilot တို့လို နည်းပညာတွေကို ပိုကောင်းစေမှာပါလို့ ပြောပါတယ်။ အဲဒီအတွက် Xiaomi / Redmi က 5G ဖုန်းတွေကို တိုးမြှင့်ထုတ်လုပ် ရောင်းချမှာပါ။

Xiaomi ဟာ ကိုရိုနာဗိုင်းရက်စ်ကြောင့် ကုန်ထုတ်လုပ်မှု ထိခိုက်ခဲ့ပြီး 5G ဖုန်းတွေ ပြတ်လပ်သွားခဲ့ပါတယ်။ အဲဒီအတွက် Xiaomi ဟာ 5G ဖုန်း တိုးမြှင့် ထုတ်လုပ်ဖို့ ယွမ် သန်း ၂၅၀ သုံးခဲ့ပါတယ်။ Xiaomi ဟာ စမတ်ဖုန်းနဲ့ IoT ကို ဦးစားပေး ထုတ်လုပ်မယ်လို့ အရင်နှစ်က ကြေညာခဲ့ပါတယ်။ ဒါ့အပြင် တရုတ် အစိုးရနဲ့ ပူးပေါင်းပြီး 5G အသုံးပြုကာ သဘာဝဘေးအန္တရာယ် သတိပေး စနစ်နဲ့ အများပြည်သူ ဝန်ဆောင်မှုတွေကို လုပ်ဆောင်မှာပါ။

Ref : gizmochina

%d bloggers like this: