90Hz မျက်နှာပြင်နဲ့ 48MP ကင်မရာ ပါတဲ့ realme 6s ကို ကြေညာပြီ

realme X3 SuperZoom နဲ့အတူ realme 6s ကိုပါ ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅ လက်မ Full HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 120Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက လန်းပါတယ်။ Screen to body Ratio က ၉၀.၅ ရာခိုင်နှုန်း ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။

MediaTek Helio G90T SoC မောင်းနှင်ထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Mono နဲ့ 2MP Macro ကင်မရာ ၄ လုံး ပါပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး ၀.၂၉ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်ပေးနိုင်ပါတယ်။ အနောက်ဘက်ဟာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပြီး 30W Flash Charge ထောက်ပံ့တဲ့ 4300mAh ဘက်ထရီ ပါပါတယ်။ ၅၅ မိနစ်အတွင်းမှာ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

realme 6s specifications
• 6.5-inch (2400 × 1080 pixels) Full HD+ LCD screen with 90Hz refresh rate, up to 480 nits brightness, Corning Gorilla Glass 3 protection
• Octa Core MediaTek Helio G90T 12nm processor (Dual 2.05GHz A76 + Hexa 2GHz A55 CPUs) with 800MHz Mali-G76 3EEMC4 GPU
• 4GB LPPDDR4x RAM, 64GB (UFS 2.1) storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with realme UI
• 48MP rear camera with 0.8μm pixel size, LED flash, EIS, 8MP 119° ultra-wide angle lens with f/2.3 aperture, 2MP mono sensor and 2MP 4cm macro sensor with f/2.4 aperture
• 16MP front camera with f/2.0 aperture
• Side-mounted fingerprint sensor
• 3.5mm audio jack, Dolby Atmos, FM Radio
• Dimensions: 162.1×74.8×8.9-9.6mm; Weight: 191g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, NFC, USB Type-C
• 4300mAh (typical) / 4120mAh (minimum) battery with 30W Flash Charge fast charging

Eclipse Black နဲ့ Lunar White ၂ ရောင် ထုတ်လုပ်ထားပြီး 4/64GB ကို ၂၁၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်းလောက်ရှိပြီး နောက်လ ၂ ရက်နေ့မှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: