ဈေးအချိုဆုံး 5G ဖုန်း ဖြစ်တဲ့ Honor X10 5G ကို တရုတ်မှာ ရောင်းပြီ

Honor က စွမ်းဆောင်ရည်သင့် X10 ကို ပြီးခဲ့တဲ့ ၁ ပတ်လောက်က ကြေညာလိုက်ပါတယ်။ Honor X10 အတွက် Sapphire Blue, Midnight Black , Titanium Silver နဲ့ Fiery Orange အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 6/64GB ကို ၁၈၉၉ ယွမ်၊ 6/128GB ကို ၂၁၉၉ ယွမ်နဲ့ 8/128GB ကို ၂၃၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃ သိန်း ၈ သောင်းလောက်ရှိပါတယ်။ Honor က ဈေးအချိုဆုံး 5G ဖုန်းလို့ ပြောပါတယ်။

သူ့မှာ ၆.၆၃ လက်မ FHD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး Screen to body Ratio က ၉၂ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက အရမ်းလန်းပါတယ်။ 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ပါတဲ့ အတွက် မျက်နှာပြင် တုန့်ပြန်မှုက အရမ်းလန်းပြီး Gamer တွေ အကြိုက်ဖြစ်ပါတယ်။

Kirin 820 5G SoC မောင်းနှင်ထားပြီး Android 10 အခြေပြု Magic UI 3.1 ပါလာပါတယ်။ P40 Series မှာလို 40MP Sony IMX600 RYYB 1/1.7inch Sensor ကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး 8MP Ultrawide , 2MP Macro ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ Super Night Scene 2.0 ပါတဲ့အတွက် ညဘက်ဓါတ်ပုံတွေက ရှယ်လန်းပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာနဲ့ 22.5W Fast Charging ပါတဲ့ 4300mAh ဘက်ထရီ ပါလာပါတယ်။

HONOR X10 specifications

• 6.63-inch (2400 × 1080 pixels) Full HD+ LCD 2.5D curved glass display with 90Hz refresh rate
• HUAWEI Kirin 820 5G (1 x Cortex-A76 Based 2.36GHz + 3 x Cortex-A76 Based 2.22GHz + 4 x Cortex-A55 1.84 GHz) processor with ARM Mali-G57MP6 GPU, 1 x NPU (Neural-network Processing Unit)
• 6GB LPDDR4x RAM with 64GB / 128GB storage, 8GB LPDDR4x RAM with 128GB storage, expandable memory up to 256GB with NM card
• Android 10 with Magic UI 3.1.1
• Hybrid Dual SIM
• 40MP camera with Sony IMX600 sensor with f/1.8 aperture, 8MP ultra-wide camera with f/2.4 aperture, 2MP 4cm macro camera with f/2.4 aperture
• 16MP pop-up front camera with f/2.2 aperture
• Side-mounted fingerprint sensor
• Dimensions: 163.7×76.5×8.8mm; Weight:203g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11ac (2.4GHz/5GHz), Bluetooth 5.1, GPS, USB Type-C
• 4300mAh (typical) / 4200mAh (minimum) with 22.5W Fast charging

Ref : fonearena , gizmochina

%d bloggers like this: