Apple ရဲ့ အနာဂတ်ထုတ် AirPods မှာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် Light Sensor သုံးထားနိုင်

Apple ဟာ အနာဂတ်မှာ ထုတ်မယ့် AirPods တွေမှာ သွေတွင်း အောက်ဆီဂျင် ပမာဏနဲ့ နှလုံးခုန်နှုန်း တိုင်းတာဖို့အတွက် Ambient Light Sensors ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ DigiTimes က Apple ဟာ ASE Technology ကို Ambient Light Sensor တွေ ထုတ်လုပ်ခိုင်းထားပြီး အဲဒီ Sensor တွေဟာ လမ်းလျှောက်တဲ့ ခြေလှမ်း၊ ဦးခေါင်း လှုပ်ရှားနဲ့ နှလုံးခုန်နှုန်းတွေကို တွက်ချက်ပေးနိုင်ပါတယ်။

Galaxy S9 ရဲ့ နှလုံးခုန်နှုန်း တိုင်းတာတဲ့ Sensor မှာ အလားတူ နည်းပညာမျိုးတွေ့ခဲ့ရပြီးပါပြီ။ ဒီနည်းပညာက သင့် အရေပြားထဲကို အလင်းတန်း ၁ ခု ပို့ပေးပြီး အလင်းတန်း တုန်ခါမှုကနေ နှလုံးခုန်နှုန်းကို တိုင်းတာပေးတာပါ။ ဒါပေမယ့် လက်ရှိ AirPods တွေမှာ အရွယ်အစား ပြဿနာရှိတဲ့အတွက် အဲဒီလို Sensor တွေ ထည့်သွင်းလို့ မရလောက်ပါဘူး။ Powerbeats Pro လို Over Ear Headphones မှာ ထည့်ဖို့ အဆင်ပြေမှာပါ။

Apple ဟာ လူတွေရဲ့ ကျန်းမာရေးကို တွက်ချက်ဖို့ Light Sensor တွေကို သုံးပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုင်းတာနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်မှု အခြေအနေကို တိုင်းတာဖို့အတွက်လည်း အဲဒီ ဒေတာတွေကို အသုံးပြုနိုင်ပါတယ်။

Apple ဟာ Watch Series 5 မှာ ECG ကို သုံးပြီး နှလုံးခုန်နှုန်း တိုင်းတာနိုင်အောင် ဖန်တီးနေပြီး အနာဂတ်ထုတ် AirPods တွေမှာ ကိုယ်လက်လှုပ်ရှားမှု တိုင်းတာတဲ့ စွမ်းရည်တွေ ထည့်သွင်းပေးဖို့ စမ်းသပ်နေပါတယ်။

Ref : gsmarena

%d bloggers like this: