Fujifilm မှ X-Pro, X-E2S, X70 နှင့် FinePix XP90 ကင်မရာများကိုကြေညာ

fujifilm cameras

ဂျပန်ကင်မရာကုမ္ပဏီ Fujifilm မှ သူတို့ရဲ့ နောက်ဆုံးထွက် X-Series ကင်မရာတွေကိုမိတ်ဆက်ပြသလိုက်ပါတယ်။

ဦးဆုံးတစ်ခုကတော့ ကုမ္ပဏီရဲ့ အဆင့်အမြှင့်ဆုံး ကင်မရာတစ်လုံးဖြစ်တဲ့ X-Pro2 ဖြစ်ပါတယ်။ ပါဝင်လာတဲ့ Feature တွေကတော့ အသစ်ထပ်မံထည့်သွင်းထားတဲ့ Sensor, အဆင့်မြှင့် image processor, ပိုမိုလျှင်မြန်လာတဲ့ shutter တို့ပါဝင်လာမှာဖြစ်ပြီး နောက်လလောက်မှာ ဒေါ်လာ၁၇၀၀ နဲ့ စရောင်းမှာဖြစ်ပါတယ်။ 24.3Megapixel X-Trans CMOS III Sensor နဲ့ X processor Pro တို့က 8fps Burst ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Fujifilm Xpro2

ထပ်မံမိတ်ဆက်ခဲ့တဲ့ နောက်ထပ် X-series ကင်မရာတွေကတော့ X-E2S နဲ့ X70 တွေပဲဖြစ်ပါတယ်။ X-E2S ကတော့ X-E2 ကိုအနည်းငယ်အဆင့်မြှင့်ထားတာဖြစ်ပြီး နောက်လမှာ ဒေါ်လာ၇၀၀ ဈေးနဲ့ စရောင်းမှာ ဖြစ်ပါတယ်။ ပရောဆက်ဆာပိုင်း သိပ်ပြီးကွဲပြားမှုမရှိပဲ လှည့်နိုင်တဲ့ ၃လက်မ ထိသိမျက်နှာပြင်လဲပြန်လည် ပါဝင်လာပါတယ်။ 16.3 megapixel sensor, 7fps Burst ထိရိုက်ကူးနိုင်ပြီး Full-HD ဗီဒီယိုတွေ ရိုက်ကူးနိုင်စွမ်းတွေ ပါဝင်လာပါတယ်။

fujifilm xe2s

X70 ကတော့ Fixed-Lens ကင်မရာနဲ့ဖြစ်ပြီး အဲ့ဒါဟာ X100T မှာပါတာထက်ပိုပြီးတော့ သေးငယ်ပြီးအချိုးအစားကျနတာကိုတွေ့ရမှာဖြစ်ပြီး X-E2S နဲ့ ဈေးနှုန်းကတော့ အတူတူပဲရှိတာ ဖြစ်ပါတယ်။ X100T နဲ့တူညီပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Feature အသစ်တွေပါဝင်လာပြီး ဈေးနှုန်းက သင့်တင့်လက်ခံနိုင်စရာကောင်းတဲ့ ကင်မရာတစ်မျိုးပဲဖြစ်ပါတယ်။ 16 megapixel, APS-C X-Trans ll sensor နဲ့ တို့က အတူတူပဲဖြစ်ပြီး မှန်ဘီလူးကတော့ 18.5mm prime ထိကြီးမားပြီး f/2.8 အလင်းဝင်ပေါက်တို့ဖြစ်ပါတယ်။

fujifilm x70

နောက်ဆုံးတစ်ခုကတော့ FinePix XP90 ကင်မရာဖြစ်ပြီး ရေစိမ်ခံကင်မရာအမျိုးအစားဖြစ်ကာ ဒေါ်လာ ၂၃၀ နဲ့ နောက်လမှာစတင်ရောင်းချမှာ ဖြစ်ပါတယ်။ အဆင့်မြှင့်ထားတယ်ဆိုပေမယ့် အရင်Version နဲ့ သိပ်မကွဲပြားပါဘူး။ 16.4-megapixel, 1/2.3 လက်မ CMOS sensor နဲ့ 5x optical zoom တို့ပါဝင်ပါတယ်။ ၃လက်မမျက်နှာပြင်က နည်းနည်းလေးပိုကြီး သွားပြီး 1080p နဲ့ 60fps အထိ မှတ်တမ်းတင်နိုင်မှာပါ။ ရေစိုခံစနစ်၊ ဖုန်မ၀င်စနစ်၊ ရေခဲဒဏ်ခံစနစ်တွေ ပါဝင်ပြီး စမတ်ဖုန်း App တွေကတစ်ဆင့် ထိန်းချုပ်ရိုက်ကူးနိုင်တဲ့ Wi-fi စနစ်တို့ပါဝင်ပါတယ်။ အကြမ်းခံပြီး ဈေးနှုန်းသင့်တင့်တဲ့ ကင်မရာကောင်းတစ်လုံးဖြစ်လို့ ပေါ့ပေါ့ပါးပါး ဓာတ်ပုံရိုက်ကူးချင်တဲ့ လူငယ်တွေအတွက် သင့်တော်တဲ့ဖုန်းတစ်မျိုးဖြစ်ပါတယ်။

fujifilm xp90

Ref: Gadgets360

You may be interested

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
0 shares0 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။
FEATURES, Pc & Laptops, Softwares & Application
119 shares30 views

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။

Ko Thuya - Feb 19, 2018

Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်…

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ
Mobiles & Tablets, NEWS, Nokia
283 shares329 views

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ

Ko Thuya - Feb 19, 2018

[Zawgyi] လာမယ့် MWC 2018 ပွဲအတွက် HMD က အားလုံးအံ့အားသင့်သွားစေမယ့်အရာတစ်ခု မိတ်ဆက်မယ်လို့ ကြေညာခဲ့ပြီးသားပါ။ ဒီပွဲမှာ ဖုန်းပေါင်းများစွာပြသမှာဖြစ်ပြီး Nokia 4, Nokia 5 2018, Nokia 7 Plus နဲ့ Nokia 6…

Leave a Comment

Most from this category