Xiaomi Mi Band 5 ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

Xiaomi က Mi Band 5 စမတ်လက်ပတ် အသစ်ကို မကြာခင် ကြေညာတော့မှာဖြစ်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်တွေလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း သူ့ရဲ့ ဓါတ်ပုံတွေ ထွက်လာပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

အားသွင်းဖို့ ကြိုးမလိုဘဲ Plug-in Type Charger ပါလာနိုင်ပြီး အရင်မျိုးဆက်ထက် ပိုကြီးတဲ့ မျက်နှာပြင် ထည့်ထားနိုင်ပါတယ်။ မကြာခင်က ထွက်လာတဲ့ သတင်းအရ သူ့မှာ SpO2 Sensor ပါလာမယ့်အတွက် နှလုံးခုန်နှုန်းတိုင်းတာတဲ့ စွမ်းရည် ပိုကောင်းလာမယ်လို့ သတင်းထွက်လာပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ ဓမ္မတာ စက်ဝိုင်းကိုလည်း တွက်ချက်ပေးနိုင်မှာပါ။ Amazon Alexa ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ထည့်သွင်းထားမှာ ဖြစ်ပြီး တရုတ်က မော်ဒယ်မှာ Xiao AI ပါလာမှာပါ။

သူ့ကို ဇွန်လလောက်မှာ ၁၇၉ ယွမ်နဲ့ တရုတ်မှာ ရောင်းနိုင်တယ်လို့ အရင်က သတင်းထွက်ခဲ့ပြီး နိုင်ငံတကာမှာ ရောင်းမယ့် မော်ဒယ်က ဈေးပိုများမှာပါ။ အရင် သတင်းတွေအရ Mi Band 5 မှာ ၁.၂ လက်မ မျက်နှာပြင် ပါလာမှာပါ။ နိုင်ငံတကာ မော်ဒယ်မှာ NFC ပါလာမှာ ဖြစ်ပြီး ငွေပေးချေတာတွေပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဇွန်လက တရုတ်မှာ ကြေညာခဲ့တဲ့ Xiaomi Mi Band 4 မှာ NFC နဲ့ Microphone ပါလာခဲ့ပါတယ်။

Mi Band 5 ကိုလည်း စတင် ဖန်တီးနေပြီလို့ Xiaomi အတွက် Mi Band တွေ ဖန်တီးပေးနေတဲ့ Huami ရဲ့ စီအီးအို Wang Huang က အရင်နှစ် သြဂုတ်လက ပြောခဲ့ဖူးပါတယ်။ သူက “ Mi Band 5 ကို ရောင်းမယ့် အချိန်ကို မသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့် Xiaomi နဲ့ ပူးပေါင်းပြီး သူ့ကို စတင် ဖန်တီးနေပါပြီ။ သိပ်မကြာခင် ကြေညာနိုင်တော့မှာဖြစ်ပါတယ်။ “ လို့ ပြောခဲ့ပါတယ်။

Ref : gsmarena

%d bloggers like this: