ရေစိုခံပြီး ဂိမ်းကစားရင် လန်းစေတဲ့ realme Buds Q ကို ကြေညာ

realme က တရုတ်မှာ True Wireless Earbuds ဖြစ်တဲ့ Buds Q ကို ကြေညာလိုက်ပါတယ်။ ပြင်သစ် ဒီဇိုင်နာ Jose Levy နဲ့ ပူးပေါင်း ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ထိပ်ဖူးလေးတွေက လုံးဝိုင်း ပျော့ပြောင်းပါတယ်။ IPX4 ရေစိုခံနိုင်စွမ်း ရှိပြီး အသံအရည်အသွေး မြင့်မားစေဖို့ 10mm Bass Booster Drivers နဲ့ DBB Dynamic Bass တို့ကို ပေါင်းစပ်ထားပါတယ်။

နားကြပ်မှာ 119ms Low-lagency Gaming Mode နားကြပ်ကို နားကနေ ဖြုတ်လိုက်တာနဲ့ သီချင်းကို ရပ်ပေးနိုင်တဲ့ ဆန်ဆာတွေ ထည့်ထားပါတယ်။ Case ကို ဖွင့်လိုက်ရင် ဖုန်းနဲ့ အလိုလို ချိတ်ဆက်ပေးပါတယ်။ Case တပ်ထားရင် ဘက်ထရီသက်တမ်း နာရီ ၂၀ အသုံးခံပြီး နားကြပ်ရဲ့ ဘက်ထရီက သီချင်းနားထောင်ရင် ၄ နာရီခွဲ အသုံးခံပါတယ်။


realme Buds Q specifications

• Bluetooth 5.0 (AAC codec) to connect to Android and iOS devices
• 10mm driver and LCP advanced multi-layer composite
diaphragm
• Touch controls for call control, track change, Google Assistant
• Infrared sensor for intelligent wear detection so it automatically pauses when you remove them
• R1 chip for 119ms low-latency gaming mode
• 3.6g per headset
• Water resistant (IPX4)
• 4.5 hours of standalone playback with 40mAh battery, 20 hours with the 400mAh charging case, USB Type-C charging for the case

အနက်၊ အဖြူနဲ့ အဝါရောင်တွေ ထုတ်လုပ်ထားပြီး ၁၄၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သောင်းလောက်ပဲရှိပါတယ်။

Ref : fonearena

%d bloggers like this: