realme က အိန္ဒိယမှာ 10000mAh Power Bank 2 ကို ရောင်းချ

realme က အိန္ဒိယမှာ 10000mAh Power Bank 2 ကို ကြေညာလိုက်ပါတယ်။ အရင်မျိုးဆက်ထက် ဒီဇိုင်း ထူးခြားပြီး လက်နဲ့ ကိုင်လို့ အဆင်ပြေအောင် Grid Texture သုံးထားပါတယ်။ လက်ဗွေရာနဲ့ ဖုန် မကပ်နိုင်အောင် တည်ဆောက်ထားပြီး အထူက ၁၅ မီလီမီတာနဲ့ အလေးချိန်က ၂၁၆ ဂရမ် ဖြစ်ပါတယ်။

18W Two-way Fast Charging ထောက်ပံ့ပြီး USB Type-C နဲ့ Type-A Port ပါတဲ့အတွက် Device ၂ ခုကို တစ်ပြိုင်နက် အားသွင်းနိုင်ပါတယ်။ စမတ်လက်ပတ်၊ စမတ်နာရီတို့လို IoT Device တွေကို အားသွင်းပေးနိုင်တဲ့ Low Current Mode ပါပါတယ်။

realme 10000mAh power bank 2 specifications
• 10000mAh (typical) lithium-polymer battery
• Dual output USB Type-A and USB Type-C
• 18W (5V-3A/9V-2A/12V-1.5A) two-way fast charging via USB Type-C
• USB Type-A Output (5V-3A/9V-2A/12V-1.5A)
• 13 layers of protection including current, over-power, short circuit, over charger or discharge and more
• 15mm thick, Weight: 216 grams
• Power bank is charged in 3.40 hours with 18W charger

အနက်နဲ့ အဝါရောင် ထုတ်လုပ်ထားပြီး ၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သောင်း ၈ ထောင်လောက်ပဲရှိပါတယ်။

Ref : fonearena

%d bloggers like this: