Sony Xperia 1 II ကို အမေရိကန်မှာ ကြိုတင်မှာယူနိုင်ပြီ

Sony က စွမ်းရည်မြင့် Xperia 1 II ကို ဖေဖော်ဝါရီလက ကြေညာခဲ့ပြီး Xperia One Mark Two လို့ အသံထွက်ပါတယ်။ အခုတော့ သူ့ကို အမေရိကန်မှာ ရောင်းပေးလိုက်ပါတယ်။ US Version မှာ 5G ပါမယ်လို့ Sony က ပြောထားပါတယ်။ ၁၁၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၆ သိန်း ၈ သောင်းလောက် ရှိပါတယ်။ Sony က ဇွန်လ ၂၈ ရက်အတွင်း ကြိုတင်မှာယူသူတွေကို Sony WF-1000XM3 Headphones ကို လက်ဆောင်ပေးမှာပါ။

သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၅ လက်မ 4K HDR OLED မျက်နှာပြင် ထည့်သွင်းထားပြီး 21:9 Cinematic Ratio ပါတဲ့အတွက် ရုပ်ရှင် ၊ ဗီဒီယိုတွေ ကြည့်ရင် အရမ်းမိုက်ပါတယ်။ 90Hz Refresh Rate ထောက်ပံ့တဲ့အတွက် ဂိမ်းကစားရင် အရမ်းမြန်ပါတယ်။

အနောက်ဘက်မှာ 12MP main + 12MP ultrawide + 12MP telephoto ကင်မရာ ၃ လုံးပါလာပြီး ZEISS Branding သုံးထားတဲ့ ပထမဆုံး ဖုန်းတွေဖြစ်ပါတယ်။ ပင်မ ကင်မရာမှာ Dual PDAF Sensor နဲ့ OIS ပါပါတယ်။ 3D iTOF Sensor က Focus Speed ကို မြန်စေပါတယ်။ Sony က AF Tracking ပါတဲ့ 20fps Bursts လုပ်နိုင်တဲ့ ပထမဆုံး ဖုန်းလို့ ပြောတဲ့အတွက် Burst Shots အားလုံးမှာ Focus ပါလာပါတယ်။ Sony က ပရော်ဖက်ရှင်နယ် Lens တွေမှာပဲပါတဲ့ ZEISS T* anti-refrective coating ကို ထည့်ထားတဲ့ အတွက် အလင်းရောင် ထွက်လာတဲ့ နေရာကို ရိုက်ရင် Ghosting Effect ကို လျှော့ချပေးတယ်လို့ ပြောပါတယ်။ Notch နဲ့ Punch Hole မသုံးဘဲ 8MP ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင်ရဲ့ အထက်က ဘောင်မှာ တပ်ဆင်ထားတဲ့ ဒီဇိုင်းက ဒိတ်အောက်နေတယ်လို့ ထင်ပါတယ်။

Xperia 1 II မှာ Android 10 , 8GB RAM နဲ့ 256GB UFS Storage ပါလာပြီး 5G Modem ပါတဲ့ Snapdragon 865 မောင်းနှင်ထားပါတယ်။ IP65/68 စံနှုန်းပါတဲ့အတွက် ရေစို ခံနိုင်ပြီး ဖုန်မဝင်အောင် ကာကွယ်ပေးပါတယ်။ ကြိုးမဲ့အားသွင်းနည်းပညာပါတဲ့ 4,000mAh ဘက်ထရီ ပါလာပြီး ညာဘက်ခြမ်းမှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Cinema Pro App က ပရောက်ဖက်ရှင်နယ် ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် အလန်းစား ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်တဲ့ Camera Pro App အသစ် ပါလာပါတယ်။ အနက်၊ အဖြူနဲ့ ခရမ်းရောင် ထုတ်လုပ်ထားပါတယ်။

Ref : fonearena

%d bloggers like this: