90Hz AMOLED မျက်နှာပြင်နဲ့ SD865 ပါတဲ့ realme X50 Pro Player ကို ကြေညာ

realme က တရုတ်မှာ X50 Pro ရဲ့ ဈေးချိုတဲ့ မော်ဒယ် ဖြစ်တဲ့ X50 Pro Player ကို ကြေညာလိုက်ပြီး ဂိမ်းကစားရင် အရမ်းလန်းအောင် ဖန်တီးထားပါတယ်။ 90Hz Refresh Rate နဲ့ 180Hz Sampling Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်း ကောင်းပါတယ်။ Screen to body Ratio က ၉၂ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက လန်းပါတယ်။

Snapdragon 865 မောင်းနှင်ထားပြီး 12GB LPDDR5 RAM အထိ ရွေးချယ်နိုင်ပါတယ်။ Vapor Chamber + Multilayer Solid Graphite cooling ပါတဲ့အတွက် ဂိမ်း ကစားရင် အပူမလွန်ကဲအောင် ကာကွယ်ပေးပါတယ်။ 4D Game Vibration ၊ Gaming Mode တွေ ထည့်ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပြီး 65W SuperDart Fast Charging က ၃၅ မိနစ်အတွင်းမှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

realme X50 Pro Gaming Edition specifications
• 6.44-inch (1080 × 2400 pixels) Full HD+ 20:9 Super AMOLED screen with 90Hz refresh rate, 1000+nits brightness, HDR10+, 100% DCI-P3 and 105% NTSC color gamut, Corning Gorilla Glass 5 protection
• 2.84GHz Octa-Core Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 6GB/8GB/12GB LPDDR5 RAM with 128GB (UFS 3.1) storage
• Android 10 with realme UI
• Dual SIM
• 48MP rear camera with 0.8μm pixel size, LED flash, UIS stabilization, 8MP 119° ultra-wide angle lens, 2MP macro and 2MP B&W depth camera with f/2.4 aperture
• 16MP front-facing camera, 2MP depth sensor
• In-display fingerprint sensor
• USB Type-C audio, 1cc 1216 Super linear dual speakers, Dolby Atmos, Hi-Res Audio certification
• Dimensions: 159.0×74.2×8.9mm; Weight: 209g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax (2.4GHz + 5GHz), Bluetooth 5.1, Dual-frequency (L1+L5) GPS, NFC, USB Type-C
• 4200mAh (Typical) / 4110mAh (Minimum) battery with 65W SuperDart fast charging

အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပြီး 6/128GB ကို ၂၉၉၉ ယွမ် ၊ 8/128GB ကို ၃၂၉၉ ယွမ်နဲ့ 12/128GB ကို ၃၅၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၅ သိန်း ၉ သောင်းလောက်ကျသင့်မှာပါ။ နောက်လ ၁ ရက်နေ့မှာ တရုတ်မှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: