Apple AirPods Studio ကို မကြာခင် ကြေညာနိုင်

Apple ဟာ AirPods ရဲ့ Over-ear Noise-canceling Version ဖြစ်တဲ့ AirPods Studio ကို မကြာခင်ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ အရင်ကတော့ ဒုတိယ နှစ်ဝက်မှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခုသတင်းအသစ်အရ ပထမနှစ်ဝက် အကုန်မှာ ကြေညာမယ်လို့ သိရပါတယ်။

Apple AirPods ကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတွေဟာ Studio ကို စတင် ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ အဲဒီအတွက်နောက်လမှာ ကြေညာနိုင်ပါတယ်။ MacRumors က ဇွန်လကုန်မှာ ကျင်းပမယ့် Apple Worldwide Developer Conference မှာ မိတ်ဆက်မယ်လို့ ပြောပါတယ်။

AirPods Studio ကို ၃၄၉ ဒေါ်လာနဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၄ သိန်း ၉ သောင်းလောက်ရှိပါတယ်။ မော်ဒယ်များစွာ ထုတ်လုပ်ထားမှာ ဖြစ်ပြီး သားရေ ၊ ချည်သား စတာတွေ ပါဝင်ပါတယ်။ ဆန်ဆာတွေ ပါလာမှာ ဖြစ်ပြီး သင် Headphone ဝတ်ထားသလားဆိုတာ သိနိုင်မှာပါ။

Ref : gsmarena

%d bloggers like this: