အနာဂါတ်မှာထွက်ပေါ်လာမယ့် အလိုအလျောက်မောင်းဘတ်စ်ကားတွေကို Mercedes ထုတ်ဖော်

ဂျာမန်ကားကုမ္ပဏီ Mercedes-Benz ဟာ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် တီထွင်ဆန်းသစ်မှုတစ်ခုကို သူတို့ရဲ့ အဓိကမှတ်တိုင်တစ်ရပ်အနေနဲ့ ထုတ်ဖော်ပြသလိုက်ပါတယ်။

Mercedes-Benz ဟာ သူတို့ရဲ့ နောက်ဆုံးတီထွင်မှုကို တနင်္လာနေ့က ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။ ဒီဘတ်စ်ကားနာမည်ကို “Future Bus (အနာဂါတ်ကား)” လို့နာမည်ပေးထားပြီး ဒီကားဟာ အလိုအလျောက်မောင်းနှင်နိုင်မယ့် ပထမဆုံး မြို့တော်သုံး ဘတ်စ်ကားဖြစ်လာနိုင်တော့မှာ ဖြစ်ပါတယ်။

mercedes-benz-future-bus1

Mercedes ရဲ့ကားဟာဆိုရင် Mercedes ရဲ့နောက်ဆုံးထွက် အလိုအလျောက်မောင်းနှင်စနစ်ဖြစ်တဲ့ CityPilot လို့ခေါ်တဲ့ ယာဉ်မောင်းနှင်စနစ်ကို အသုံးပြုထားတာပါ။ CityPilot ဟာ ဘတ်စ်ကားကို စိတ်ရှည်သည်းခံစွာနဲ့ အလိုအလျောက်မောင်းနှင်ပေးမှာဖြစ်တဲ့အပြင် ဘတ်စ်ကားကို တစ်နာရီ ၄၃မိုင်နှုန်းနဲ့ မောင်းနှင်ပေးနိုင်တယ်လို့ သိရပါတယ်။ ပိုမိုလုံခြုံစိတ်ချစေနိုင်ဖို့အတွက် လူသားယာဉ်မောင်းတစ်ဦးကိုလည်း ထားရှိပေးမှာပါ။

Future Bus ဟာ အထူးပြုလုပ်ထားတဲ့ လမ်းမပေါ်တွေမှာသာ မောင်းနှင်ပေးနိုင်မှာဖြစ်ပြီး ကားမှတ်တိုင်တွေမှာ ရပ်တန့်ပေးတာတွေ၊ မြေအောက် ဥမင်လှိုင်ခေါင်းတွေကို ဖြတ်သန်းတာတွေ၊ မီးပွိုင့်စနစ်နဲ့ ချိတ်ဆက်တာတွေကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

mercedes-benz-future-bus2

HighwayPilot ဆိုတဲ့ အဝေးပြေးမှာ မောင်းနှင်နိုင်တဲ့ အလိုအလျောက်မောင်းနှင် စနစ်ကိုလည်း Mercedes က တီထွင်ခဲ့ဖူးပြီး HigwayPilot နဲ့တော့ CityPilot ဟာ တူညီမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဂျာမန်ကုမ္ပဏီဟာ လာမယ့် ၂၀၂၀ခုနှစ်မှာ ဒီကားတွေကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး လက်ရှိအချိန်မှာတော့ အပြီးသတ်ထုတ်လုပ်မယ့် အနေအထားကို မရောက်ရှိသေးပါဘူး။

Future Bus ဆိုတဲ့ နာမည်နဲ့ လိုက်အောင်ပဲ Mercedes ရဲ့တီထွင်မှုဟာ အနာဂါတ်ဘတ်စ်ကားတွေရဲ့ ပုံစံသစ်အပြောင်းအလဲတစ်ရပ် ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။

Ref: Mashable

%d bloggers like this: