realme X3 SuperZoom ရဲ့ Specs တွေ ထွက်လာပြီ

realme X3 SuperZoom ကို ၂၆ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး ကုမ္ပဏီက သူ့ရဲ့ Teaser တွေကို မျှဝေနေပါတယ်။ သူ့ရဲ့ အရှေ့နဲ့ အနောက်ဘက် ဒီဇိုင်းကို ပြသထားတဲ့ ဗီဒီယိုလည်း ထွက်လာပြီးပါပြီ။ သူ့မှာ Snapdragon 855+ Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး AnTuTu မှာလည်း အမှတ် အများဆုံးရထားပါတယ်။

120Hz Refresh Rate ပါလာမယ့်အတွက် မျက်နှာပြင် တုန့်ပြန်မှုက အရမ်း လန်းပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပြီး LCD မျက်နှာပြင် ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ သူ့ရဲ့ အနောက်ဘက် ကွေးညွှတ်တာနဲ့ ကင်မရာ နေရာချထားမှု ဒီဇိုင်းဟာ realme X2 Pro နဲ့ အရမ်းကို တူပါတယ်။


အရှေ့ဘက်မှာ ကင်မရာ ၂ လုံးကို Punch Hole မှာ တပ်ဆင်ထားပြီး X2 Series မှာလို Notch တွေ မသုံးထားပါဘူး။

Ref : gsmarena

%d bloggers like this: