44.2 Tbps အင်တာနက် အမြန်နှုန်းကို ဖန်တီးနိုင်ပြီ

ဩစတြေးလျက သုတေသန ပညာရှင်တွေက 44.2 Tbps အင်တာနက် အမြန်နှုန်းကို ဖန်တီးနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒီ အမြန်နှုန်းနဲ့ဆိုရင် 100GB Ultra HD Blu-ray Discs ၅၀ ကျော်ကို ၁ စက္ကန့်ထဲနဲ့ Download လုပ်နိုင်ပါတယ်။

သူတို့ရဲ့ နည်းပညာမှာ ၇၅ ကီလိုမီတာ အရှည်ရှိတဲ့ Optical Fiber နဲ့ Chip Source ၁ ခုထဲကို အသုံးပြုခဲ့တာပါ။ RMIT ရဲ့ Melbourne City Campus နဲ့ Monash University ရဲ့ Clayton Campus ကြားမှာ Fiber ကြိုးနဲ့ စမ်းသပ်ခဲ့တာ ဖြစ်ပြီး ပညာရှင်တွေက Australia’s National Broadband Network (NBN) ရဲ့ Infrastructure အတိုင်း ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ကမ္ဘာ့ အမြန်ဆုံး အင်တာနက် စံချိန်တင်သွားတယ်လို့ Swinburne တက္ကသိုလ်ရဲ့ ပါမောက္ခ David Moss က ပြောပါတယ်။

ပညာရှင်တွေက အဲဒီ နည်းပညာကို လက်ရှိ Infrastructure မှာ ထည့်သွင်း အသုံးပြုနိုင်ဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ မကြာခင်မှာ အဲဒီ အင်တာနက် အမြန်နှုန်းကို သုံးနိုင်မှာ မဟုတ်သေးဘဲ နှစ်အနည်းငယ် စောင့်ရဦးမှာ ဖြစ်ပါတယ်။

Ref : theverge

%d bloggers like this: