COVID-19 ကြောင့် ၂ လအတွင်း ဒေါ်လာ ၆၀ ဘီလီယမ်လောက် ပိုထောသွားတဲ့ Bezons နဲ့ Zuckerberg

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတာ ၆ လနီးပါးရှိလာပြီ ဖြစ်ပြီး လူတွေနဲ့ စီးပွားရေးလုပ်ငန်း အများစု ထိခိုက်နေချိန်မှာ ဘီလီယမ်နာ တချို့က ထောပြီးရင်း ထောနေကြပါပြီ။ Amazon , Facebook နဲ့ Microsoft တို့ကို အသီးသီး ပိုင်တဲ့ Jeff Bezos , Mark Zuckerberg နဲ့ Steve Ballmer တို့ဟာ မတ်လလယ်က စပြီး ဝင်ငွေတွေ တသောသော ရလာကြပါတယ်။

Americans for Tax Fairness and the Institute for Policy Studies က ပြုလုပ်တဲ့ စစ်တမ်းအရ Bezos ဟာ မတ်လ ၁၈ ကနေ မေလ ၁၉ ရက်နေ့အတွင်း ဒေါ်လာ ၃၄.၅ ဘီလီယမ်၊ Zuckerberg ဟာ ၂၅.၃ ဘီလီယမ်နဲ့ Ballmer ဟာ ၁၂.၈ ဘီလီယမ် ဝင်ငွေတိုးသွားခဲ့ပါတယ်။

အားလုံးထဲမှာ Bezos က ကမ္ဘာ့ အချမ်းသာဆုံး နေရာကို ဆက်လက် ထိန်းသိမ်းထားပြီး သူဟာ စုစုပေါင်း ဒေါ်လာ ၁၄၇.၅ ဘီလီယမ် ချမ်းသာပါတယ်။ Gates က နံပါတ် ၂ နေရာမှာ ၁၀၆ ဘီလီယမ်နဲ့ ရပ်တည်နေပါတယ်။ အမေရိကန် ဘီလီယမ်နာတွေရဲ့ ပိုင်ဆိုင်မှုဟာ ၄၃၄ ဘီလီယမ် ရှိလာပြီး အရင် ၂ လကထက် ၁၅ ရာခိုင်နှုန်း တက်လာပါတယ်။

Ref : tnw

%d bloggers like this: