Zoom Video Call သုံးနေတဲ့ ဖခင် ဖြစ်သူအား သားက ဓါးနဲ့ ထိုးသတ်မှု ဖြစ်ပွား

Zoom Video Call သုံးနေတဲ့ အသက် ၇၂ အရွယ် ဖခင် ဖြစ်သူ Dwight Powers အား အသက် ၃၂ နှစ် အရွယ်သားက ဓါးနဲ့ ထိုးသတ်မှု နယူးယောက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဖခင်ဟာ လူ ၂၀ နဲ့ Zoom မှာ အစည်းအဝေး ပြုလုပ်နေတာပါ။ တရားခံ Thomas Scully-Powers ကို လက်ရှိမှာ ရဲက ဖမ်းထားတယ်လို့ The New York Times က ပြောပါတယ်။

ရဲဌာနက Video အစည်းအဝေးမှာ ပါဝင်သူ တချို့ဟာ ဓါးနဲ့ ထိုးတာကို မြင်ခဲ့ရပြီး ရဲကို ဖုန်း ဆက် အကြောင်းကြားခဲ့တာပါ။ သူတို့က ဗီဒီယို သက်သေ အထောက်အထားတွေကို ရဲတွေအား ပေးခဲ့ကြပါသေးတယ်။ ဗီဒီယိုမှာ ဓါးနဲ့ ထိုးခံရတဲ့ ဖခင် ဖြစ်သူဟာ လဲကျသွားပြီး အသက်ပြင်းပြင်း ရှူသံကို ကြားရပါတယ်လို့ ရဲဌာနက တာဝန်ရှိသူက ပြောပါတယ်။

ရဲတွေက အခင်း ဖြစ်ပွားပြီး ၁ နာရီအတွင်းမှာ တရားခံကို ဖမ်းမိခဲ့တာ ဖြစ်ပြီး သတ်ရတဲ့ အကြောင်းအရင်းကို ရဲတွေက မသိရှိသေးဘူးလို့ ပြောပါတယ်။ ကိုရိုနာဗိုင်းရက်စ်နဲ့ မပတ်သတ်ဘူးလို့ ရဲတွေက ပြောပါတယ်။

Ref : tnw

%d bloggers like this: