iPhone SE ကြောင့် တရုတ်မှာ ဧပြီလအတွင်း ဖုန်း ရောင်းအားတက်သွားတဲ့ Apple

စစ်တမ်း အသစ် ၁ ခု အရ Apple ဟာ ကိုရိုနာဗိုင်းရက်စ် ကာလအတွင်း တရုတ်မှာ ရောင်းအာား ပြန်တက်လာပါတယ်။ ဧပြီလမှာ အလုံးရေ ၃.၉ သန်းလောက် ရောင်းချခဲ့ရပြီး ၂၄ ရာခိုင်နှုန်းဟာ iPhone SE ဖြစ်ပါတယ်။

မတ်လထက် ရောင်းအား ၁၆၀ ရာခိုင်နှုန်းတောင် တိုးတက်လာတာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလထက် ၆၀ ရာခိုင်နှုန်း နည်းနေပါသေးတယ်။ တရုတ်မှာ ဗိုင်းရက်စ်ကြောင့် ကန့်သတ်ထားတာတွေကို ဖြေလျှော့ပေးလိုက်တဲ့အတွက် အခုလို ရောင်းအား ကောင်းတာ ဖြစ်ပါတယ်။ ကုမ္ပဏီ အားလုံးရဲ့ စမတ်ဖုန်း ရောင်းအားဟာ မတ်လကထက် ၉၄ ရာခိုင်နှုန်း ပိုများလာပြီး စုစုပေါင်း အလုံးရေ ၄၀.၈ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

အွန်လိုင်း စတိုးတွေဟာ Lockdown ကြောင့် ရောင်းအား အရမ်းလန်းလာပါတယ်။ တရုတ်က Tmall ဟာ အခုနှစ် ဧပြီလမှာ iPhone ရောင်းအား ပိုကောင်းခဲ့ပြီး အရင်နှစ် ဧပြီလကထက် ၄၀ ရာခိုင်နှုန်းကျော်တောင် ပိုများခဲ့တာပါ။ မတ်လကထက် ၃၃ ရာခိုင်နှုန်း ရောင်းအား ပိုများလာတာပါ။

Ref : gsmarena

%d bloggers like this: