Asus Zenfone 7 နဲ့ ROG Phone III ကို ဇူလိုင်လမှာ ကြေညာမည်

ထိုင်ဝမ် မီဒီယာ Commercial Times က Asus ဟာ ဇူလိုင်လ ဒါမှမဟုတ် သူ့ထက်စောစော စွမ်းရည်မြင့် ဖုန်း ၂ လုံးကို ကြေညာတော့မယ်လို့ သတင်းပေးလိုက်ပါတယ်။ အဲဒီ အလန်းစား ဖုန်း ၂ လုံးဟာ Zenfone 7 နဲ့ ROG Phone III တို့ ဖြစ်ပါတယ်။

မကြာခင်ကလည်း ROG Phone III ရဲ့ သတင်းတွေ WiFi Certification ကနေ ထွက်ပေါ်လာတဲ့အတွက် အဲဒီ စမတ်ဖုန်းကို တည်ဆောက်နေတာ နောက်ဆုံး အဆင့်ရောက်ပြီလို့ ထင်ပါတယ်။ မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ရပြီး အခုတော့ သူနဲ့အတူ Zenfone 7 ကိုပါ ချပြတော့မယ်လို့ သတင်းထွက်လာပါတယ်။

Zenfone 7 ဟာ ဘက်စုံက လန်းတဲ့ စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပြီး Gaming စမတ်ဖုန်း လိုချင်ရင် ROG Phone III ကို ရွေးချယ်ရမှာပါ။ ROG Phone III ဟာ Zenfone 7 ထက် ဈေးပိုကြီးနိုင်ပါတယ်။ Asus က ၂၀၂၀ ခုနှစ် Gaming ဖုန်းကို ရောင်းချပြီးနောက်မှာ ROG Phone ရောင်းအား ၃၀ ကနေ ၅၀ ရာခိုင်နှုန်း တက်လာမယ်လို့ မျှော်လင့်ထားပါတယ်။

Ref : gsmarena

%d bloggers like this: