Vivo TWS Neo ကို X50 Series နဲ့အတူ ကြေညာနိုင်

TWS (True Wireless) နားကြပ်တွေဟာ လူကြိုက်အရမ်းများလာတဲ့အတွက် ဖုန်း ကုမ္ပဏီ အားလုံးနီးပါးက TWS နားကြပ်တွေကို ထုတ်လုပ်လာကြပါတယ်။ Vivo ကလည်း TWS Neo လို့ နာမည်ပေးထားတဲ့ နားကြပ်အသစ်ကို ကြေညာတော့မှာ ဖြစ်ပြီး အရင်နှစ်ထုတ် နားကြပ်ထက် ပိုဈေးသက်သာမှာပါ။


TWS Neo ဟာ ဒီဇိုင်း အပိုင်းမှာ အရင်မျိုးဆက်နဲ့ တူပါတယ်။ နားထဲ ထည့်သွင်း ဝတ်ဆင်ရတဲ့ အမျိုးအစား ဖြစ်ပြီး ပင်စည်လို အချောင်းတွေ ပါလာပါတယ်။ Apple AirPods လို ဒီဇိုင်း ဖြစ်ပါတယ်။ ဘဲဥပုံစံ Carrying Case ထည့်သွင်းထားပြီး အဖြူနဲ့ အပြာနက်ရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ အသံအရည်အသွေး မြင့်မားမှာ ဖြစ်ပြီး Latency နည်းပါးတဲ့အတွက် သီချင်း ဖွင့်လိုက်ရင် ၊ ဖုန်း ပြောရင် အသံနောက်ကျမှု နည်းပါးမှာပါ။

TWS Neo ကို ဇွန်လ ၁ ရက်နေ့မှာ Vivo X50 Series စမတ်ဖုန်းတွေနဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: