Mask တပ်ထားရင်လည်း iPhone ကို လွယ်ကူစွာ Unlock လုပ်နိုင်တဲ့ iOS 13.5 ကို ဖြန့်ချိ

Apple က iPhone တွေအတွက် iOS 13.5 Update ကို ဖြန့်ချိလိုက်ပြီး Mask တပ်ထားရင်လည်း iPhone ကို လွယ်ကူစွာ Unlock လုပ်နိုင်တဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။ Face ID စနစ်က Mask တပ်ထားတာကို သိနားလည်ပြီး Passcode ကို ပြောင်းလဲပေးမှာပါ။

iOS 13.5 ကို Settings > General > Software Update ထဲသွားပြီး ရယူနိုင်ပါတယ်။ Update တင်ပြီးရင် Mask တပ်ပြီး Unlock လုပ်တဲ့အခါမှာ Passcode ထည့်သွင်းရမယ့် စကရင်ကို ပြသပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Update မှာ Google နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ ကိုရိုနာဗိုင်းရက်စ် Tracking API ပါလာပါတယ်။ ဗိုင်းရက်စ် ကူးစက်သူတွေကို ထိရောက်စွာ ခြေရာခံနိုင်တဲ့ စနစ် ဖြစ်ပြီး အစိုးရဘက်က ခွင့်ပြုပြီးရင် iPhone မှာ Contact Tracing ပြုလုပ်နိုင်မှာပါ။

အထက်ပါလုပ်ဆောင်ချက်တွေက iOS 13.5 ရဲ့ အဓိက လုပ်ဆောင်ချက်တွေ ဖြစ်ပြီး အခုဆိုရင် လူတွေ နေ့တိုင်း Mask တပ်နေရတဲ့အတွက် Mask ချွတ်စရာ မလိုဘဲ Unlock လုပ်နိုင်တာက တော်တော် အသုံးဝင်လာမှာပါ။ တချို့ကလည်း Apple ဟာ iPhone တွေမှာ Touch ID ကို ပြန်ထည့်သွင်းသင့်တယ်လို့ ထောက်ပြကြပါတယ်။

Ref : tnw

%d bloggers like this: