Honor 9X Pro ကို ဗြိတိန်မှာ ၃ သိန်း ၄ သောင်းနဲ့ ရောင်းပြီ

Honor 9X Pro ကို တစ်ကမ္ဘာလုံးအတွက် ဖေဖော်ဝါရီလမှာ ကြေညာလိုက်ပြီ ဖြစ်ပြီး မကြာခင်က ဥရောပနဲ့ အိန္ဒိယမှာ ရောင်းပေးလိုက်ပါတယ်။ အခုတော့ ဗြိတိန်ကို ရောက်လာပါပြီ။ Mindnight Black နဲ့ Phantom Purple အရောင်တွေ ထုတ်လုပ်ထားပြီး မေလ ၂၉ ရက်နေ့ မတိုင်ခင် ဝယ်ရင် ၂၀၀ စတာလင်ပေါင်နဲ့ရမှာပါ။ မြန်မာငွေ ၃ သိန်း ၄ သောင်းလောက်ရှိပါတယ်။ နောက်ပိုင်းမှာ ၂၅၀ စတာလင်ပေါင် ဖြစ်သွားမှာ ဖြစ်ပြီး ၄ သိန်း ၂ သောင်းလောက် ကျသွားမှာပါ။

သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၅၉ လက်မ FHD+ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Kirin 810 Chipset မောင်းနှင်ထားပြီး GPU Turbo 9.0 , 6GB RAM တွေ ပါလာပါတယ်။ ဂိမ်းကစားရင် အပူချိန်လျှော့ချပေးတဲ့ Liquid Cooling ထည့်သွင်းထားပြီး Android 9 အခြေပြု EMUI 9.1 မောင်းနှင်ထားပါတယ်။ ဒါပေမယ့် Google Mobile Services မပါဘဲ Huawei Mobile Services ပဲ ထည့်ထားပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 16MP Pop-up ကင်မရာ ထည့်သွင်းထားပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာနဲ့ 4000mAh ဘက်ထရီ ပါလာပါတယ်။

HONOR 9X Pro specifications

• 6.59-inch (2340 x 1080 pixels) Full HD+ 19.5:9 2.5D curved glass display
• Octa-Core Kirin 810 7nm (2x 2.27GHz Cortex-A76 +6 x 1.88GHz Cortex-A55) processor with ARM Mali-G52 MP6 GPU
• 6GB RAM, 256GB storage, expandable memory up to 512GB with microSD
• Android 9.0 (Pie) with EMUI 9.1.1, HMS
• Dual SIM
• 48MP rear camera with LED flash, 1/2″ sensor, 0.8μm pixel size, f/1.8 aperture, 8MP ultra-wide sensor with f/2.4 aperture, 2MP depth camera with f/2.4 aperture
• 16MP front-facing camera with f/2.2 aperture
• Dimensions: 163.1×77.2×8.8mm; Weight:206g
• Side-mounted fingerprint sensor
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.0 LE, GPS + GLONASS, USB Type-C
• 4000mAh (typical) / 3900mAh (minimum) battery, 10W charging

Ref : fonearena , gsmarena

%d bloggers like this: