realme X3 SuperZoom ရဲ့ အလန်းစား Zoom ဓါတ်ပုံတွေကို ဒီမှာ ရှိုးလိုက်

realme India ရဲ့ CEO Madhav Sheth က realme X3 SuperZoom ကို ဖန်တီးနေပြီး 60x Zoom ကင်မရာ ပါမယ်လို့ အတည်ပြုထားပါတယ်။ ဒါဟာ 6x Optical Zoom ထောက်ပံ့တဲ့ 13MP Periscope ကင်မရာ ဖြစ်ပြီး 60x Zoom ကို ဒစ်ဂျစ်တယ်နည်းနဲ့ ဖန်တီးပေးပါတယ်။

အခုတော့ realme က Zoom ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး 1x , 5x နဲ့ 60x ပုံတွေ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ Snapdragon 855+ Chipset မောင်းနှင်ထားနိုင်ပြီး နောက်ဆုံးထုတ် Snapdragon 865 Chipset တော့ မပါလာပါဘူး။ 12GB RAM အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

သူ့မှာ 30W Fast Charger ထောက်ပံ့ထားတဲ့ 4,200mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ OPPO ရဲ့ VOOC အားသွင်းနည်းပညာ ပါလာနိုင်ပါတယ်။ realme X3 SuperZoom ရဲ့ တခြား သတင်းအချက်အလက်တွေကို လက်ရှိမှာ များများစားစား မသိရသေးပါဘူး။ မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာဖြစ်ပြီး ၂၆ ရက်နေ့မှာ တရားဝင် မိတ်ဆက်မှာပါ။

Ref : gsmarena

%d bloggers like this: