Honor က နောက်ပိုင်းထုတ် Device တွေမှာ MediaTek 5G Chipset သုံးမည်

Honor က စွမ်းရည်သင့် X10 5G ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပြီး ကုမ္ပဏီရဲ့ ဥက္ကဌ Zhao Ming က အရေးကြီးတဲ့ သတင်း ၁ ခုကို မျှဝေခဲ့ပါတယ်။ သူက Honor ဟာ MediaTek နဲ့ ပူးပေါင်း အလုပ်လုပ်တာကို အရှိန်မြှင့်နေပြီး အနာဂတ် Honor ဖုန်းတွေမှာ MediaTek 5G Chipset ကို သုံးဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။

Honor ရဲ့ မိခင် ကုမ္ပဏီ Huawei ဟာ အမေရိကန် ကုမ္ပဏီတွေနဲ့ လက်တွဲ အလုပ်လုပ်ခွင့်ကို နောက်ထပ် ၁ နှစ်ကြာ ပိတ်ပင်ခဲ့သလို အမေရိကန် စီးပွားရေး ဌာနက Huawei ရဲ့ Chipset အသုံးပြုမှုကို ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ပြီးနောက် ဒီသတင်းထွက်လာတာပါ။ အဲဒီအတွက် Huawei နဲ့ Honor တို့ဟာ ထိုင်ဝမ် အခြေစိုက် MediaTek လို Chip ထုတ်လုပ်သူတွေကို အားကိုးလာရပါတယ်။

MediaTek ရဲ့ Dimensity Series ဟာ ဈေးချိုတဲ့ 5G Chipset ဖြစ်ပြီး Dual SIM 5G Support လို လန်းတဲ့ လုပ်ဆောင်ချက်တွေ ပါလာတဲ့အတွက် အနာဂတ် Huawei နဲ့ Honor ဖုန်းတွေမှာ MediaTek Chipset တွေ ထည့်သွင်းလာကြတော့မှာပါ။

Ref : gsmarena

%d bloggers like this: