Redmi X TV နဲ့ Redmibook 16.1” Laptop လာမည်

Xiaomi က ၂၆ ရက်နေ့မှာ ထုတ်ကုန် အသစ်တွေကို ကြေညာတော့မှာပါ။ Redmi 10X Series ဖုန်း ၃ လုံး ပါလာနိုင်တဲ့အပြင် ကုမ္ပဏီက MEMC Motion ပါတဲ့ Redmi X TV နဲ့ 16.1” Laptop ကိုပါ ချပြနိုင်ပါတယ် သူတို့ရဲ့ Teaser တွေကို ကုမ္ပဏီက ဝီဘိုမှာ မျှဝေနေပါတယ်။

Redmi က MEMC ဟာ Motion Estimation Motion Compensation ဖြစ်ပြီး ဗီဒီယိုတွေ ချောမွတ်စေဖို့ Blur ဖြစ်တာကို လျှော့ချပေးတယ်လို့ ပြောပါတယ်။ Laptop အသစ်မှာ မျက်နှာပြင် ဘေးဘောင်တွေ အရမ်းကို ပါးလွှာမှာ ဖြစ်ပြီး ၃.၂၆ မီလီမီတာပဲ ရှိမှာပါ။ Screen to body Ratio ဟာ ၉၀ ရာခိုင်နှုန်းတောင်ရှိတဲ့အတွက် အရမ်းကို လှမှာပါ။ sRGB Color Gamut ဟာလည်း ၁၀၀ ရာခိုင်နှုန်း ရှိမှာ ဖြစ်ပါတယ်။ တချို့က Ryzen 4000 Processor မောင်းနှင်ထားမယ်လို့ ပြောကြပေမယ့် တချို့က Ryzen 5 နဲ့ Ryzen 7 ပါမယ်လို့ သတင်းပေးနေကြပါတယ်။

Redmi ရဲ့ ထုတ်ကုန် အသစ်တွေကို မြင်ရဖို့ ၃ ရက်လောက်ပဲ လိုပါတော့တယ်။ အဲဒီအချိန်ကျမှ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်တွေကို သိရမှာပါ။

Ref : gsmarena

%d bloggers like this: