Redmi AirDots TWS Earphones ကို မေလ ၂၆ ရက်နေ့ ရောင်းမည်

Redmi က အိန္ဒိယမှာ Audio Product အသစ်ကို ချပြတော့မယ်လို့ မကြာခင်က သတင်းပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Redmi AirDots TWS Earphones ဆိုတာ အတည်ပြုလိုက်ပြီး ၂၆ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ အိန္ဒိယ ရောင်းဈေးကို မသိရသေးပေမယ့် တရုတ်မှာ ၁၅ ဒေါ်လာလောက်နဲ့ ရောင်းပေးထားပါတယ်။

ဘလူးတု နားကြပ်များထဲမှာ သူဟာ ဈေးအလွန် သက်သာပါတယ်။ ပတ်ဝန်းကျင်မှ ဆူညံသံများကို ဖျောက်ပေးတဲ့ နည်းပညာ ထည့်ထားပါတယ်။ နားကြပ်ကို လက်နဲ့ ထိတွေ့ထိန်းချုပ်နိုင်ပါတယ်။ သူ့ကို နှစ်ချက် နှိပ်လိုက်ရင် Voice Assistant ကို ဆင့်ခေါ်ပေးပါတယ်။ iPhone နဲ့ ချိတ်ထားရင် Siri နဲ့ Android နဲ့ ချိတ်ထားရင် Google Assistant တို့ကို ဆင့်ခေါ်ပေးမှာပါ။

သူ့ကို အားအပြည့်သွင်းထားရင် ၄ နာရီ အသုံးခံပါတယ်။ Carrying Case တပ်ထားရင် ၁၂ နာရီအထိ အသုံးခံပါတယ်။ သူ့ရဲ့ 40mAh Battery ကို အားသွင်းဖို့ ၁ နာရီခွဲ ကြာမြင့်ပါတယ်။ ကေ့စ်မှာပါတဲ့ 300mAh Battery ကို အားဖြည့်ဖို့ ၂ နာရီလိုအပ်ပါတယ်။ သူ့ရဲ့ အလေးချိန်က ၄.၁ ဂရမ်သာရှိတဲ့ အတွက် အလွန် ပေါ့ပါးပါတယ်။

အနက်ရောင်သာ ထုတ်လုပ်ပေးထားပါတယ်။ Xiaomi AirDots Youth Edition ကိုတော့ အဖြူရောင် ထုတ်လုပ်ပေးထားပါတယ်။ ရှောင်မီက လွန်ခဲ့တဲ့ လအနည်းငယ် သူ့ရဲ့ ပထမဆုံး ကြိုးမဲ့ နားကြပ်ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ ဘရန်းခွဲ Redmi ကနေ ဘလူးတု နားကြပ်ကို ထုတ်လုပ်ရောင်းချတာပါ။

Ref : gsmarena

%d bloggers like this: