240Hz မျက်နှာပြင်ပါတဲ့ Sharp Aquos Zero 2 ကို ဂျပန် ပြင်ပမှာ ရောင်းပြီ

Sharp Aquos Zero 2 ကို စက်တင်ဘာလက ကြေညာခဲ့ပြီး 240Hz Refresh Rate ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ အရင်က ဂျပန်မှာပဲ ရောင်းပေးထားပြီး အခုတော့ ထိုင်ဝမ်မှာ ဝယ်ယူနိုင်ပါပြီ။ ထိုင်ဝမ် ဒေါ်လာ ၂၁,၉၉၀ သတ်မှတ်ထားပြီး ၇၃၀ ဒေါ်လာလောက်ရှိပါတယ်။ မြန်မာငွေ ၁၀ သိန်း ၃ သောင်းလောက်ရှိပါတယ်။

သူ့မှာ Snapdragon 855 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage ပါပါတယ်။ ၆.၄ လက်မ OLED မျက်နှာပြင်ကို Gorilla Glass 6 နဲ့ ကာကွယ်ထားပါတယ်။ ကင်မရာတွေက သိပ်မမိုက်ပါဘူး။ အနောက်ဘက်မှာ 12MP Main နဲ့ 20MP Ultrawide ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ထားပါတယ်။

အရွယ်သေး Notch ပါလာပြီး 3,130mAh ဘက်ထရီ ထည့်ထားပါတယ်။ Gaming ဖုန်း ၁ လုံးအတွက် အဲဒီ ဘက်ထရီ ပမာဏက မလုံလောက်ပါဘူး။ ဒါ့အပြင် 240Hz Refresh Rate ကလည်း ဘက်ထရီ စားပါတယ်။

Ref : gsmarena

%d bloggers like this: