Stable EMUI 10.1 ရသွားတဲ့ Huawei Device တွေကို ဒီမှာ ရှိုးလိုက်

Huawei က P40 Series တွေအတွက် EMUI 10.1 ကို ဖြန့်ချိပေးထားပြီး အခုတော့ တရုတ်မှာ တခြား Device တွေလည်း ရသွားကြပါပြီ။ Huawei P30 , P30 Pro, nova 6 series နဲ့ MatePad Pro တက်ဘလက်တွေမှာ Update ရသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Honor V30 နဲ့ V30 Pro ပိုင်ရှင်တွေဟာ EMUI ရဲ့ လုပ်ဆောင်ချက်တွေ ပါတဲ့ Magic UI 3.1 ရသွားပါတယ်။

EMUI 10.1 လုပ်ဆောင်ချက်တွေထဲမှာ Multi-window လုပ်ဆောင်ချက် ပိုကောင်းလာပြီး MeeTime Messenger , Celia Voice Assistant နဲ့ Always-on Display Option အသစ်တွေ ထည့်သွင်းထားကြပါတယ်။ Firmware အသစ်ကို OTA Update ကနေ ရယူနိုင်ပြီး Huawei Club App ကနေ Flash လုပ်နိုင်ပါတယ်။ နိုင်ငံတကာမှာ ဖြန့်ချိပေးမယ့် အချိန်ကို မသိရသေးပေမယ့် သိပ်မကြာတော့ဘူးလို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: