Apple က iPhone နဲ့ iPad အဟောင်းတွေအတွက် iOS 12.4.7 ကို ဖြန့်ချိ

Apple က iOS 13.5 Update ကို ဖြန့်ချိပေးလိုက်သလို iOS 13 ကို မထောက်ပံ့တဲ့ Device အဟောင်းတွေအတွက်လည်း iOS 12.4.7 ကို မျှဝေလိုက်ပါတယ်။ Update ရမယ့် iPhone , iPad တွေထဲမှာ iPhone 5s , 6 , 6 Plus , iPad Air (1st Generation) , iPad mini 2 , 3 နဲ့ iPod Touch (6th Generation ) တို့ ပါဝင်ပါတယ်။

iOS 12.4.7 မှာ လုပ်ဆောင်ချက် အသစ်တွေ ၊ စွမ်းဆောင်ရည်မြှင့်တင်တာတွေ မပါဘဲ Security Fix တွေပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၇ နှစ်လောက် သက်တမ်းရှိတဲ့ Device တွေအတွက်တော့ တော်တော် အကျိုးရှိလာမှာ ဖြစ်ပါတယ်။

အဲဒီ iPhone , iPad အဟောင်းတွေ ကိုင်ထားသူတွေအတွက် Software Update Section ထဲသွားပြီး Update ကို ရယူနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: