ဈေးချိုတဲ့ Vivo Y30 ကို အိန္ဒိယမှာ ရောင်းမည်

Vivo က ဈေးချိုတဲ့ Y Series ကို ထုတ်လုပ်ရောင်းချပေးနေပြီး ဒီလ အစောပိုင်းကလည်း Y30 ကို မလေးရှားမှာ ရောင်းပေးထားပါတယ်။ အခုတော့ အိန္ဒိယမှာ သူ့ကို ရောင်းချပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။ ဇွန်လ ပထမ အပတ်မှာ ရောင်းပေးမယ်လို့ ထင်ရပါတယ်။

Vivo ရဲ့ အရာရှိတွေကနေ ဒီသတင်းထွက်လာတာ ဖြစ်ပြီး အိန္ဒိယမှာ ရောင်းမယ့်ဈေးကို မသိရသေးပါဘူး။ ရူပီး ၁၅,၀၀၀ လောက်နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၂ သိန်း ၈ သောင်းလောက်ရှိနိုင်ပါတယ်။

Vivo Y30 ရဲ့ Specs တွေကို ပြန်လည် မျှဝေလိုက်ပါတယ်။ သူ့မှာ ၆.၄၇ လက်မ HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 19.5:9 Aspect Ratio ဖြစ်ပါတယ်။ Helio P35 Chipset မောင်းနှင်ထားပြီး 4GB RAM , 128GB Storage ပါပါတယ်။ အနောက်ဘက်မှာ 13MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။ 5,000mAh ဘက်ထရီနဲ့ Android 10 အခြေပြု Funtouch 10 ပါပါတယ်။

Ref : gsmarena

%d bloggers like this: