OPPO Ace2 အတွက် Evangelion-inspired Limited Edition ထွက်မည်

တရုတ်မှာ ဧပြီလက OPPO Ace2 ကို ရောင်းချပေးခဲ့ပြီး အရောင် ၃ မျိုးထုတ်လုပ်ပေးထားပါတယ်။ အခုတော့ Ice Universe က Evangelion Limited Edition ကို ရောင်းမယ်လို့ သတင်းပေးလိုက်ပြီး ဖုန်း အနောက်ဘက်မှာ ဒီဇိုင်း အလန်းစားတွေ ပါလာမှာပါ။

OPPO ကုမ္ပဏီကို ၁၉၉၅ ခုနှစ်က စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် သက်တမ်း ၂၅ နှစ်ပြည့်ပြီ ဖြစ်တဲ့အတွက် OPPO Ace2 Evangelion Limited Edition ဟာ OPPO ရဲ့ သက်တမ်း ၂၅ နှစ်ပြည့် အထူးထုတ် စမတ်ဖုန်း ဖြစ်လာမှာပါ။

ကိုရိုနာဗိုင်းရက်စ်ကြောင့် Rebuild of Evangelion ရုပ်ရှင် ပြသတာကို ရပ်နားထားရပါတယ်။ ဖုန်း ရောင်းချမယ့် အချိန် နောက်ကျမလားဆိုတာ မသိရသေးပါဘူး။ OPPO Ace2 Evangelion Limited Edition ကို ၄,၀၀၀ ယွမ်နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၈ သိန်းလောက် ရှိနိုင်ပါတယ်။
အတွင်းပိုင်း အစိတ်အပိုင်းတွေက ရိုးရိုး မော်ဒယ်တွေနဲ့ တူညီပြီး ၆.၅၅ လက်မ FullHD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး HDR10+ နဲ့ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Snapdragon 865 Chipset မောင်းနှင်ထားပြီး 48MP Main , 8MP Ultrawide တွေ ပါပါတယ်။ 65W Fast Charging နဲ့ 40W Wireless Charging က တော်တော်လန်းပြီး 10W Reverse Charging က တခြား ဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: