Samsung Galaxy Buds+ အတွက် Aura Blue အရောင်အသစ်ကို ရောင်းပြီ

Galaxy Buds+ အတွက် စုစုပေါင်း အရောင် ၅ မျိုးထုတ်လုပ်ထားပြီး အနီ ၊ပန်းရောင် ၊အနက်၊ အပြာနဲ့ အဖြူရောင်တွေ ဖြစ်ပါတယ်။ အခုတော့ Aura Blue အရောင် အသစ်ကို ရောင်းပေးလိုက်ပြီဖြစ်ပြီး အပြာရင့်ရောင် ဖြစ်ပါတယ်။ အမေရိကန်မှာ BestBuy ကနေ ၁၅၀ ဒေါ်လာနဲ့ ရောင်းပေးနေပြီး မြန်မာငွေ ၂ သိန်း ၁ သောင်းလောက်ကျသင့်ပါတယ်။

BestBuy မှာ ရောင်းပေးနေပြီ ဖြစ်ပေမယ့် မေလ ၂၂ ရက်ကျမှ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရက်စ်ကြောင့် အွန်လိုင်းကနေပဲ ရောင်းပေးမှာ ဖြစ်ပြီး ကုမ္ပဏီက ပို့ဆောင်ပေးသလို ဝယ်သူကိုယ်တိုင် လာယူလို့ရပါတယ်။

Galaxy Buds+ ကို ဖေဖော်ဝါရီလက ကြေညာခဲ့တာပါ။ သူ့မှာ 2-way Speakers (Woofer + Tweeter) ပါလာပြီး AKG က ဖန်တီးပေးထားပါတယ်။ နားကြပ် ၁ ခုစီမှာ 85mAh ဘက်ထရီ ထည့်ထားပြီး ၁၁ နာရီ သီချင်းနားဆင်နိုင်ပါတယ်။ Charging Case မှာလည်း 270mAh ဘက်ထရီ ပါပြီး ၂ ဆလောက် အသုံးခံမှာပါ။

Ref : gsmarena

%d bloggers like this: