48MP ကင်မရာ ပါတဲ့ LG Q61 ကို ကြေညာ

LG က ကိုရီးယားမှာ Q Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပြီး သူ့ကို ဖေဖော်ဝါရီလက နိုင်ငံတကာမှာ K61 နာမည်နဲ့ ကြေညာခဲ့တာပါ။ သူ့မှာ ၆.၅ လက်မ FHD+ Hole-in LCD မျက်နှာပြင်ပါလာပြီး 16MP အရှေ့ကင်မရာ တပ်ဆင်ထားပါတယ်။ Octa core Mediatek Helio P35 Processor မောင်းနှင်ထားပြီး အနောက်ဘက်မှာ 48MP , 8MP Ultrawide , 5MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ပါပါတယ်။

4,000mAh ဘက်ထရီ ထည့်ထားပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်ပေးထားပါတယ်။ Google Assistant Button တပ်ဆင်ထားပြီး စစ်တပ် အဆင့် မာကျောမှု စံနှုန်း ပါပါတယ်။

LG Q61 specifications
• 6.5-inch 19.5:9 (2340 x 1080 pixels) FHD+ display
• 2.3GHz Octa-Core MediaTek Helio P35 (MT6765) 12nm Processor with IMG PowerVR GE8320 GPU
• 4GB RAM, 64GB storage, expandable memory up to 2TB with microSD
• Dual SIM
• Android 10
• 48MP rear camera, 8MP Ultra-wide sensor, 2MP macro sensor, 5MP depth sensor, LED Flash
• 16MP front-facing camera
• 3.5mm audio jack, DTS:X 3D Surround
• Rear fingerprint sensor, Google Assistant Button
• MIL-STD 810G Compliance
• Dimensions: 164.5 x 77.5 x 8.4mm; Weight: 191g
• 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.0, NFC, GPS / GLONASS, USB Type-C
• 4000mAh built-in battery

အဖြူရောင် ထုတ်လုပ်ထားပြီး ဝမ် ၃၆၉,၀၀၀ သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၃၀၀ လောက်ကျသင့်မှာ ဖြစ်ပြီး မြန်မာငွေ ၄ သိန်း ၂ သောင်းလောက်ရှိပါတယ်။ ၂၉ ရက်နေ့မှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: