realme X50 Pro Player မှာ 90Hz HDR+ Super AMOLED မျက်နှာပြင် ပါလာနိုင်

realme က X50 Pro Player ကို မေလ ၂၅ ရက်နေ့မှာ ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေထားပါတယ်။ အဲဒီဖုန်းဟာ realme X50 Pro ရဲ့ ဂိမ်း အသားပေး မော်ဒယ် ဖြစ်ပါတယ်။ စွမ်းဆောင်ရည်၊ အင်တာနက် ဆက်သွယ်မှု၊ အအေးပေး စနစ်၊ အသံနဲ့ မျက်နှာပြင်တွေကို ရှယ်လုပ်ပေးထားမယ့်အတွက် ဂိမ်း ကစားရင် ဖလန်းဖလန်းထနေမှာပါ။

Realme X50 Pro Player မှာ ၆.၄၄ လက်မ Super AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ 180Hz Touch Sampling Rate ပါလာမှာ ဖြစ်တဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက အရမ်း လန်းမှာပါ။

ကုမ္ပဏီက မျှဝေလိုက်တဲ့ ပိုစတာ ၁ ခုမှာ 90Hz ထောက်ပံ့တဲ့ Android ဂိမ်းတွေကို ပြသထားပြီး အခုခေတ်စားနေတဲ့ PUBG ကနေ King of Fighters 98 တွေ အထိ ပါပါတယ်။ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Adreno GPU ပါလာမှာပါ။
မျက်နှာပြင်ဟာ HDR10+ ကို ထောက်ပံ့ပြီး အမြင့်ဆုံး အနေနဲ့ 1,100nits Brightness ကို ပံ့ပိုးပေးမှာပါ။ အထူးဖန်တီးထားတဲ့ E3j Luminescent Material က စွမ်းအင် စားသုံးမှုကို ၇ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ မေလ ၂၅ ရက်မှာ realme X50 Pro Player နဲ့အတူ X3 Series တွေကိုပါ ကြေညာမှာပါ။

Ref : gsmarena

%d bloggers like this: